သင်္ဘောသား ဆင်းဘတ် (အာရပ်: السندباد البحري‎, ရောမအက္ခရာ: as-Sindibādu al-Baḥriyy; အင်္ဂလိပ်: Sinbad the Sailor) သည် စိတ်ကူးယဉ် ဇာတ်ကောင် ရေကြောင်းခရီးသွားလာသူဖြစ်ပြီး မူရင်းအခြေတည်သည့် အရှေ့အလယ်ပိုင်း ပုံပြင်တိုများထဲမှ သူရဲကောင်းဇာတ်ကောင်တစ်ဦးဖြစ်သည်။ ၈-၉ ရာစု အဘားစစ် ကာလီဖိတ်ခေတ် အစောပိုင်းကာလအတွင်း ဘဂ္ဂဒက်မှလာသောသူအဖြစ် ဖော်ပြထားသည်။ ဆင်းဘတ်သည် အာဖရိကတိုက်၏ အရှေ့ပိုင်း နှင့် အာရှတောင်ပိုင်း ပင်လယ်များတွင် ခရီးစဉ် (၇) ခေါက်ထွက်ရှိကာ[၁] မှော်တိုင်းပြည်များ၌ သရဲသဘက် မိစ္ဆာများနှင့် သဘာဝလွန် ဖြစ်ရပ်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရ၍ အံ့မခန်း စွန့်စားခန်းများ ဆောင်ရွက်ခဲ့သည်။

သင်္ဘောသား ဆင်းဘတ် : မီလို ဝင်းတားရေးဆွဲသော လက်ရာ (၁၉၁၄)

ကိုးကား ပြင်ဆင်ရန်

  1. editors။ Sindbad the Sailor, literary character။ 24 September 2020 တွင် ပြန်စစ်ပြီး။