သင်္သကရိုက်ဘာသာစကား

(သင်္သကရိုက်ဘာသာ မှ ပြန်ညွှန်းထားသည်)

သင်္သကရိုက်ဘာသာ ဆိုသည်မှာ သမိုင်းဝင်အင်ဒို-အာရိယန်ဘာသာစကားတစ်ခုဖြစ်ပြီး ဟိန္ဒူဘာသာဂျိန်းဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ကျမ်းစာများတွင် သုံးနှုန်းသော ဘာသာစကားဖြစ်သည်။ ယနေ့ခေတ်တွင် သင်္သကရိုက်ဘာသာသည် အိန္ဒိယနိုင်ငံတွင် တရားဝင် ဘာသာစကားတစ်ခုအဖြစ်သတ်မှတ်ထားပြီး အူထရာခန်ပြည်နယ်၏ ရုံးသုံးဘာသာစကားဖြစ်သည်။ အနောက်တိုင်း ဂန္ထဝင်ဘာသာဗေဒတွင် သင်္သကရိုက်ဘာသာသည်ဂရိဘာသာနှင့်လက်တင်ဘာသာတို့ကဲ့သို့သော အနေအထားမျိုးရှိသည်။