သစ္စာ ဆိုင်းဘာဘာ (အင်္ဂလိပ်: Sathya Sai Baba) (၁၉၂၆ နိုဝင်ဘာ ၂၃ - ၂၀၁၁ ဧပြီ ၂၄)[၁] သည် အိန္ဒိယဂရုတစ်ပါးဖြစ်၍ ပရဟိတလုပ်ငန်းများ ဆောင်ရွက်သူတစ်ဦးလည်း ဖြစ်သည်။[၂][၃] အသက် ၁၄ နှစ်၌ ၎င်းသည် "ရှဒီ ဆိုင်းဘာဘာ" ဝင်စားသည်ဟုဆိုကာ[၄][၅] လူ့လောကအကျိုးသယ်ပိုးရန်နှင့် နောက်လိုက်တပည့်များအတွက် စံတင်နမူနာယူစရာဖြစ်စေရန်အလို့ငှာ နေအိမ်ကို စွန်ခွာခဲ့သည်။[၆][၇]

သီရိသစ္စာ ဆိုင်းဘာဘာ
Sri Sathya Sai Baba
တည်ထောင်သူSathya Sai Organization
ဒဿနLove all. Serve all. Help Ever. Hurt Never.
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးအိန္ဒိယ
မွေးဖွားရတနကာရမ် သစ္စနရာယန ရာဇူ (Ratnakaram Sathyanarayana Raju)
(1926-11-23)၂၃ နိုဝင်ဘာ၊ ၁၉၂၆
ဗြိတိသျှ-အိန္ဒိယ၊ မဒရပ်နယ်၊ ပုတ္တပါသီ(တိ)မြို့ (ယခု-အန္ဓရ ပရာဒေ့ရှ်ပြည်နယ်)
ကွယ်လွန်၂၄ ဧပြီ၊ ၂၀၁၁(2011-04-24) (အသက် ၈၄)
အိန္ဒိယ၊ အန္ဓရ ပရာဒေ့ရှ်ပြည်နယ်၊ ပုတ္တပါသီ(တိ)မြို့

ဆိုင်းဘာဘာ၏ ရုပ်ဝတ္ထုပစ္စည်းများ ပေါ်ပေါက်လာစေရန် အစွမ်းသတ္တိ ဝိဘူတိ (ပြာများ)၊ အခြားအရာများ (ဥပမာ - လက်စွပ်၊ ဆွဲကြိုး၊ နာရီ...) ၊ အံ့ဖွယ်ဆေးကုသမှု၊ သေသူကိုအသက်သွင်းခြင်းများ၊ အကြားအမြင်၊ နှစ်နေရာတွင် တစ်ပြိုင်နက်ရှိနိုင်ခြင်း၊ တန်ခိုးစွမ်းအားရှိခြင်း၊ ဉာဏ်အလင်းပွင့်ခြင်း စသည်တို့သည် ကျော်ကြားမှုနှင့် အငြင်းပွားဖွယ် ရင်းမြစ်များပင် ဖြစ်သည်။ [၈] ၎င်း၏ ထိုသို့ပြကွက်များသည် လှည့်ကွက်များအပေါ် အခြေခံထားသော်လည်း ၎င်း၏ တပည့်သာဝကများကမူ ထိုအခြင်းအရာများကို ယုံကြည်ကြလေသည်။[၉][၁၀][၁၁]

"သစ္စာဆိုင်း အဖွဲ့အစည်း" (Sathya Sai Organisation) ကို တည်ထောင်ခဲ့၍ အဖွဲ့ဝင်များကို စိတ်ပိုင်းဆိုင်ရာတိုးတက်စေသည့်နည်းလမ်းအဖြစ် လုပ်ငန်းဆောင်တာများကို ပြုလုပ်နိုင်စေရန်ရည်ရွယ်သည်။[၁၂] အဖွဲ့အစည်းသည် ၁၂၆ နိုင်ငံတို့တွင် ဌာန ၁,၂၀၀ ကျော်ရှိသည်။[၁၃] ထိုအဖွဲ့မှတဆင့် ဆိုင်းဘာဘာသည် အထူးသီးသန့် နှင့် အထွေထွေကု အခမဲ့ဆေးရုံများ၊ ဆေးပေးခန်းများ၊ သောက်ရေရနိုင်ရေး လုပ်ငန်းများ၊ တက္ကသိုလ်တစ်ခု၊ ခန်းမဆောင်ကြီးများ၊ ကျောင်းသင်္ခမ်းများ၊ စာသင်ကျောင်းများကို တည်ထောင်ခဲ့သည်။[၁၄][၁၅][၁၆]

ကိုးကား ပြင်ဆင်ရန်

  1. "Obituary: Indian guru Sai Baba"၊ BBC၊ 24 April 2011။ "Satya Sai Baba was born Sathyanarayana Raju on 23 November 1926" 
  2. "Sathya Sai Baba's Magic" (1983). Anthropological Quarterly 56 (3): 116–124. doi:10.2307/3317305. 
  3. "Televising religion: A study of Sathya Sai Baba's funeral broadcast in Gangtok, India" (2015). Anthropological Notebooks 21 (3): 83–104. 
  4. "THE GLOBAL GURU: SAI BABA AND THE MIRACLE OF THE MODERN" (December 2005). New Zealand Journal of Asian Studies 7 (2): 5–19.  Archived 18 July 2011 at the Wayback Machine.
  5. Kent၊ Alexandra (2005)။ Divinity and Diversity: A Hindu Revitalization Movement in Malaysia။ Nordic Institute of Asian Studies။ pp. 37–39။ ISBN 978-87-91114-40-3
  6. Singleton၊ Mark; Goldberg၊ Ellen (27 November 2013)။ Gurus of Modern YogaISBN 9780199374953
  7. Babb၊ Lawrence A. (1991)။ Redemptive Encounters: Three Modern Styles in the Hindu TraditionUniversity of California Press။ p. 164။ ISBN 978-0-520-07636-5
  8. Datta၊ Tanya။ "Sai Baba: God-man or con man?"၊ BBC News၊ 17 June 2004။ 
  9. Johannes Quack (2012)။ Disenchanting India: Organized Rationalism and Criticism of Religion in India။ Oxford University Press။ pp. 120–။ ISBN 978-0-19-981260-8
  10. Harmeet Shah Singh။ "Indian spiritual guru dies at 85"၊ 24 April 2011။ 
  11. Palmer, Norris W. "Baba's World". In: Forsthoefel၊ Thomas A.; Humes၊ Cynthia Ann (eds.) (2005)။ Gurus in America။ Albany, NY: State University of New York Press။ ISBN 0-7914-6574-8CS1 maint: extra text: authors list (link)
  12. SSSCT- Sri Sathya Sai Seva Organisationsrisathyasai.org.in
  13. Our Branches။ Official website – International Sai Organisation။ 30 September 2013 တွင် ပြန်စစ်ပြီး။
  14. "Thousands flock to funeral of India guru Satya Sai Baba"၊ BBC News၊ 27 April 2011။ 
  15. Sai Baba's legacyDeccan Herald (24 April 2011)။
  16. "'Sai Baba did everything govt could not'"၊ The Times of India။ 10 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 1 October 2013။