သစ်ပိုးဟုခေါ်သော ပိုးတစ်မျိုးကို ဥယျာဉ်ခြံ များထဲတွင် တွေ့မြင်ရတတ်သည်။ ထိုသစ်ပိုးမျိုးသည် ပိုးမွှားငယ်များ၊ ပိုးနသံကောင်များနှင့် ခပ်ဆင်ဆင်တူသော်လည်း အမှန်စင်စစ် ကရပ်စတေးဆီး မျိုးပေါင်းတွင် အပါအဝင် ဖြစ်သည်။

Platyarthrus hoffmannseggii

မျိုးစဉ်မှာ အိုင်ဆိုပိုဒါဖြစ်သည်။ အလျား လက်မဝက်ခန့် ရှိ၍ မွဲခြောက်ခြောက် အခွံမာဖုံးအုပ် လျက် ရှိသည်။ သစ်ပိုးများကို ကျောက်တုံးကျောက်ခဲများ၊ သို့မဟုတ် သစ်ဆွေးအောက်များတွင်၎င်း၊ သစ်ပုတ် သစ်ဆွေးတို့အထဲတွင်၎င်း တွေ့နိုင်သည်။ အခြား အိုက်ဆိုပိုဒါ များ ဖြစ်သော အကောင်တို့နှင့် မတူသော အချက်မှာ ထိုသစ်ပိုးမျိုးသည် ကုန်းပေါ်၌နေနိုင်၍ လေကိုရှှုနိုင်ခြင်းဖြစ်သည်။ ထိုသစ်ပိုးမျိုးတွင် ခြေအစုံ ခုနစ်စုံပါရှိ၍ အားလုံးမှာ တညီတညွတ်တည်း ဖြစ်ကြသည်။ ခြေထောက်များကို အမှတ်မဲ့ ကြည့်လျှင် ကိုယ်နံဘေးမှ ထွက်နေသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် ရင်ဘတ်ဆီမှ ဖြာထွက်နေကြခြင်းသာ ဖြစ်သည်။ခြေထောက်များအပြင် ခေါင်း၌ အမ္မေွးအမှင်များလည်းရှိပြီးလျှင် အမြင်သန်သော မျက်စိတစ်စုံလည်း ရှိသည်။ ဝမ်းပိုက်အာက်တွင် အပြားချပ်ကလေးများကဲ့သို့ ဖြစ်နေသော အဂ‡ါတို့ ရှိသည်။ ထိုအဂ‡ါတို့ဖြင့် အသက်ရှင်နေနိုင်ရန် လေကိုရှှုကြသည်။

သစ်ပိုးအမတို့သည် ဥများကို အခြားနေရာများတွင် မည်သည့်အခါမျှ အုမချဘဲ ရင်ပတ် အောက်၌ရှိသော အိတ်ထောင့်ငယ်ထဲသို့သာ ဥထည့်ကြသည်။ ဥမှ ပေါက်လာ သည့် သစ်ပိုးအကောင် ငယ်လေးများသည် အကောင်ကြီးများ နှင့် နောက်ဆုံး ခြေအစုံတစ်စုံမပါသည့် အချက်မှလွဲ၍ သဏ္ဌာန် ချင်း တထေရာတည်းပင် တူကြသည်။ ထိုအကောင်ကလေးတို့တွင် ပထမဆုံးအကြိမ် ရေလဲပြီးမှ ခြေထောက် ခုနစ်စုံ ပြည့်လာသည်။

သစ်ပိုးကောင်ငယ်ကလေးများ ကြီးထွားလာပုံမှာ အလွန် လျင်မြန် လှ၏။ ထိုကြောင့် ဥယျာဉ်အတွင်းရှိ သစ်ပင်တို့မှ အဆီအနှစ်များကို လျင်မြန်စွာ စားသုံးတတ်ကြသဖြင့် ထိုသစ်ပိုးတို့အား အထူးဂရုစိုက်၍ သုတ်သင်ပစ်ရန် လိုအပ်ပေသည်။ သစ်ပိုးသည် နေရောင်မကြိုက် သဖြင့် ညဉ့်အချိန်များ၌သာ ထွက်လေ့ရှိသည်။

ရိုးရိုးသစ်ပိုးအပြင် အခြား သစ်ပိုးတစ်မျိုးလည်း ရှိသေး၏။ ထိုအမျိုးသည် ပိုးနသံကောင်ကဲ့သို့ သူတို့အား ထိလိုက်လျှင် ခွေလိပ် သွားတတ်ကြသည်။ သို့သော် သူတို့ကား ပိုးနသံကောင်များ မဟုတ် ကြချေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)