သစ်မွှေးစိုက်ပျိုးခြင်းသည် နိုင်ငံခြား ဝင်ငွေရရှိရန် အခွင့်အလမ်းကောင်း တစ်ခုဖြစ် သောကြောင့် လုပ်ငန်းရှင်ကြီးများနှင့် တောင်သူများကသစ်မွှေး စိုက်ပျိုးခြင်းကို ပိုမိုစိတ်ဝင်စားလာကြသည်။ သစ်မွှေးက လောလောဆယ် ပြည်တွင်းထုတ်လုပ်အား နည်းနေပါသေးတယ်။ အရှေ့အလယ်ပိုင်း ဒေသစော်ဘွား နိုင်ငံတွေကတော့ သစ်မွှေးကို အဆီထုတ်ပြီးေဆေးဝါးနဲ့အမွှေးအကြိုင် ပြုလုပ်တဲ့နေရာမှာ သုံးကြတယ်” ဟု သစ်တောထွက် ပစ္စည်း ဖက်စပ်ကော်ပို ရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၀၃ ခုနှစ်မှစ၍ အဆိုပါ ကော်ပိုရေးရှင်းက အပင် ၆၀ စမ်းသပ်စိုက်ပျိုး ခဲ့ရာ ယခုအခါတွင်အပင်ပေါင်း ၂,၀၀၀စိုက်ပျိုးထားကြောင်း၊ သစ်မွှေးမှာ သာမန်အပင် တွင် မမွှေးဘဲမှိုစွဲကပ်ရောဂါဝင်ပြီး အပင်အနာရ မှသာလျှင် အမွှေးနံ့ဝင်ကာ သစ်မွှေးဖြစ်လာပြီးအပင်လုံးပတ် ၁၀လက်မခန့်အရွယ်တွင် မှိုဆေး သွင်းနိုင်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် အပင်သက်ငါးနှစ်၊ ခြောက်နှစ်ခန့်အရွယ်တွင် ဆေးထိုး၍ သစ်မွှေးပြုလုပ်ရာ ယခုအခါအောင်မြင်နေပြီး ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ပြီ ဖြစ်သည်။

သစ်မွှေးကအမြဲစိမ်းသစ်တော အမျိုးစားထဲမှာပါတော့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ စိုက်လို့ဖြစ်ပေမယ့် စိုက်ပျိုးစရိတ်ကြီးတယ်။ မူရင်း ဒေသဖြစ်တဲ့ ကချင်ပြည်နယ် တို့လို နေရာမျိုးမှာစိုက်ရင်မျိုးက ဈေးကြီးတော့ တောခုတ်၊ မြေယာပြုပြင်တဲ့အချိန်က စပြီး အပင်ပေါက်တဲ့အထိဆိုရင် တစ်ဧကကို သိန်း၂၀ ကနေ ၃၀ ကြားလောက် စရိတ်ရှိတော့ တောင်သူက ရင်းနှီးဖို့ တော်တော်စဉ်းစားမယ်။ ပျိုးတစ်ပင်ကို ကျပ် ၁,၅၀၀၊၂,၀၀၀ လောက်ရှိတော့ တောင်သူက မြန်မြန်ကြီးပြီး မြန်မြန် ငွေပေါ်မယ့် အပင်မျိုး ကိုပဲ စိုက်ချင် ကြ တယ်”ဟု ၎င်းက ပြောကြားသည်။

သစ်မွှေးတစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၈၀၀မှ ၁၀,၀၀၀ကျော် တန်ထိ ရှိသည်။ ပြီးခဲ့သော သုံးလေးနှစ် ခန့်မှစ၍ ပြန်လည် ခေတ်စားလာခြင်းဖြစ်သည်။ မျိုးတုံးအန္တရာယ် ကျရောက်နေသည့် သစ်ပင်မျိုးနွယ်အဖြစ် သတ်မှတ်၍ ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ် ထားသော သစ်မွှေးမျိုးစိတ်ပေါင်း ၁၅ မျိုးခန့်ရှိရာ မြန်မာပြည်တွင် မျိုးစိတ် နှစ်မျိုးရှိကြောင်း သိရသည်။

စိုက်နိုင်ရင်တော့ နိုင်ငံခြားဝင်ငွေ ရရှိဖို့အတွက်အတော်ကောင်းပါတယ်။ တောင် သူတွေလည်း တစ်ပိုင်တစ်နိုင်အနေနဲ့ တစ်အိမ်ကို လေး၊ငါးဆယ်ပင် လောက် စိုက်ပြီး အောင်သွားတော့လည်း အကျိုးရှိ တာပေါ့။ လောလောဆယ်တော့ ပုဂ္ဂလိ က လုပ်ငန်းရှင်တွေ စိုက်နေတယ်”ဟု ၎င်းက ပြောသည်။

သစ်မွှေးကို ၂၀၀၉ ခုနှစ် အစော ပိုင်းလောက်ကစပြီး စိုက်ထားတာ။ အခုဆို အပင်က တစ်နှစ် သားလောက် ရှိပြီ။ အခု ခြောက်ဧက စိုက်ပျိုးထားပါ တယ်။ သစ်မွှေးပင်တွေဟာ မြန်မာနိုင်ငံအနှံမှာ ပေါက်နိုင် ပြီး အပူပိုင်းဒေသတွေ မှာ စိုက်ပျိုးရင် မေလကနေ ဇွန်လ အထိ နှစ်လအတွင်း အပြီးစိုက်ပျိုး ရတယ်” ဟု မြစ်ကြီးနားမြို့နယ်တွင် သစ်မွှေးစိုက်ပျိုး သူ တစ်ဦးက ပြောသည်။

မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းကာလ သုံးကြိမ်တွင်သာ မြေ0x100သဇာ ထည့်သွင်း ရကြောင်း၊ အပင်သက်တမ်း သုံးနှစ်ပြည့် သောအခါ အပင် ဖျားမှအရင်းအထိ ပင်စည်အတွင်းသို့ လွန်ဖြင့် အပေါက် ငယ်များဖောက် ပြီး ဆေးထည့်ရကြောင်း ၎င်းက ပြောသည်။

သစ်မွှေးပင်သည်သဘာ၀အားဖြင့်အမွှေးနံ့မရှိကြောင်း၊ဆေးထည့်ပြီးလေးလအကြာ၌ ပေါင်းဆီထုတ်နိုင်သော် လည်း အပင်သက်တမ်း ငါးနှစ်ခြောက်နှစ်သားများတွင် အပင်ကို ခုတ် လှဲပြီး ပေါင်းခံကြောင်း မြစ်ကြီးနား မြို့နယ် တွင် သစ်မွှေးစီးပွားဖြစ် စိုက်ပျိုး သူက ရှင်းပြ သည်။ “သစ်မွှေးကို ၂၀၀၈ ခုနှစ်က စတင် စိုက်ပျိုးထားပြီး တစ်ဧကကို အပင် ၆၅၀ နှုန်းနဲ့ ဧကပေါင်း ၆၀ စိုက်ပျိုး ထား ပါတယ်။ အစေ့ကို ပျိုး ပြီးတစ်နှစ်သား အရွယ်ရောက်မှတစ်ပေခွဲပတ်လည် အနက်ကျင်း တူးပြီး ပြောင်းရွှေ့ စိုက်ပျိုး တာပါ။ တစ်ပင်ကို ရှစ်ပေခြား စိုက်ပျိုး ပါ တယ်။ အခုဆို အပင်သက်တမ်းက သုံးနှစ် နီးပါးရှိပြီ”ဟု ၎င်းက ပြောသည်။

“အပင်ပေါင်းခံတဲ့အခါမှာတစ်ပင်ကို ပေါင်းအိုးနဲ့သုံးကြိမ်လောက် ပေါင်းခံရပြီးတော့ တစ်အိုးကို ပင်နီစလင် ပုလင်း နှစ်ပုလင်းလောက် ရတယ်။ တစ်ပုလင်း ကို ငွေသုံးသိန်းဝန်းကျင် ဈေးရပြီးတော့ အပင်တစ်ပင်ကို ပင်နီစလင် ပုလင်း ကိုးပုလင်းလောက် ထွက်တယ်။ တန်ဖိုး အနေနဲ့ကတော့ တစ်ပင်ကို ငွေကျပ် ၂၇ သိန်း ဝန်းကျင်ရတယ်”ဟု ၎င်းက ရှင်းပြသည်။

သစ်မွှေးစိုက်ပျိုးရာတွင် တစ်ဧက လျှင် ကျပ် ၆၅ သိန်းခန့် ကုန်ကျပြီး တစ်ပင်လျှင် ၁၅ သိန်းခန့် အမြတ် ရရှိ ကြောင်း၊ ထိုင်းနိုင်ငံထုတ် မှိုဆေးကို အသုံးပြုပါက အထွက်နှုန်းပိုပြီး ကုန်ကျ စရိတ်မှာလည်း မူလ ထက် လေးဆခန့်ပို မိုကုန်ကျ မည်ဖြစ်ကြောင်း သိရသည်။

သစ်မွှေးကို တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများ၊ ရေမွှေးထုတ်လုပ်ငန်း များတွင် မပါမဖြစ် အသုံးပြုကြကြောင်းသိရသည်။

ကိုးကား ပြင်ဆင်ရန်