သစ်သီးဖျော်ရည်ဆိုတာ သဘာဝအသီးများ အရွက်များတွင်ပါဝင်သောအရည်ကို ညစ်ယူခြင်းနည်းလမ်းဖြင့်သော်လည်းကောင်းကြိတ်ယူခြင်းဖြင့်သော်လည်းကောင်းထုတ်ယူခြင်းဖြင့်ရရှိလာသောအရည်ကိုဆိုလိုပါသည်။နောက်ထပ်ခေါ်ဆိုနိုင်သေးတဲ့အရာတွေကတော့ အနံ့အရသာထည့်သွင်းထားသော ဇီဝနည်းအရထုတ်လုပ်ထားသောအရည်များ အသားနှင့် ပင်လယ်စာများမှထုတ်လုပ်ထားသောဖျော်ရည်များလည်းပါဝင်သည်။ ဥပမာ ခုံးကောင်ဖျော်ရည်လိုမျိုးဖြစ်သည်။သစ်သီးဖျော်ရည်များကို သောက်စရာဖျော်ရည်တစ်မျိုးအဖြစ်လည်းကောင်း သို့မဟုတ် အစားအသောက်များတွင်အရသာပိုမိုကောင်းမွန်စေရန် အသုံးပြုသော အရည်တစ်မျိုးအဖြစ်လည်းကောင်း တစ်ခြားဖျော်ရည်များရောစပ်ရာတွင်လည်းကောင်းအသုံးပြုသည်။သစ်သီးဖျော်ရည်များဟာသောက်စရာအနေဖြင့်စတင်ပေါ်ပေါက်လာခဲ့တာကတော့ နွားနို့များကိုပိုးသတ်ခြင်းနည်းလမ်းကိုအဆင့်မြင့်တင်ရာမှတစ်ဆင့် စတင်ရေပန်စားလာခဲ့တာဖြစ်ပါတယ်။သစ်သီးဖျော်ရည်များကိုအများဆုံးသုံးစွဲတာကတော့ နယူးဇီလန်နိုင်ငံသားများဖြစ်ပါတယ်။နယူးဇီလန်နိုင်ငံသားများဟာတစ်နေ့ကိုသစ်သီးဖျော်ရည်အနည်းဆုံးတစ်ခွက်သို့မဟုတ်၈အောင်စလောက်သောက်သုံးကြပါတယ်။ကိုလံဘီယာနိုင်ငံသားများကတော့ တစ်နေ့ကို တစ်ခွက်ရဲ့သုံးပုံတစ်ပုံသောက်သုံးကြပါတယ်။သစ်သီးဖျော်ရည်ကိုသောက်သုံးမှုပမာဏဟာ တိုင်းပြည်ရဲ့ဝင်ငွေပေါ်မူတည်ပြီးယေဘူရအားဖြင့်သောက်သုံးသူအရေအတွက်အတက်အကျရှိပါတယ်။

ဝေါဟာရအရင်းအမြစ်

ကျွန်တော်တို့တစ်တွေမြန်မာလိုဝေါဟာရကတော့သစ်သီးဖျော်ရည်ဖြစ်ပေမဲ့ အင်္ဂလိပ်လိုjuice ဆိုတဲ့စကားလုံးစတင်ဖြစ်ပေါ်လာတာကတော့ဒီလိုပါ juice ဆိုတဲ့စကားလုံးက ပြင်သစ်စကားကနေဆင်းသက်လာခြင်းဖြစ်ပါတယ်။ ပြင်သစ်လို jus, juis, jouis ခေါ်ပါတယ်။ အနက်ကတော့ ဆေးဘက်ဝင်အပင်များကိုကျိုချက်ချင်းမှရရှိလာသောအရည် လို့ခေါ်ပါတယ်။၁၄ရာစုပိုင်းလောက်မှာတော့ သစ်သီးဖျော်ရည်လို့အမည်မတွင်ခဲ့ပဲ သစ်သီးသစ်ရွက်များရဲ့အရည်များလိုခေါ်ဝေါ်ခဲ့ကြပါတယ်။ ၁၉ရာစုလောက်မှာတော့သစ်သီးဖျောရည်လို့တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

ကြိုတင်ပြင်ဆင်မှုများ

သစ်သီးဖျော်ရည်များကို စက်ဖြင့်သော်လည်းကောင်း လူအားဖြင့်သော်လည်းကောင်း ရေတွင်စိမ်ကာ နူးသည်အထိပြုလုပ်ကာ အရည်ညှစ်ခြင်းဖြင့်သော်လည်းကောင်းထုတ်ယူကြသည်။သစ်သီးဖျော်ရည်များကို သက်ဆိုင်သစ်သီးများ အရွက်များမှတိုက်ရိုက်ထုတ်ယူနိုင်ကြသည်။ မိမိအိမ်တွင်မှုအလွယ်တကူသစ်သီးဖျော်ရည်များကိုဖျော်စက် ကြိတ်စက်များဖြင့်ထုတ်ယူနိုင်သည်။စီးပွားဖြစ်ရောင်းချနေသောသစ်သီးဖျော်ရည်များကတော့ အမျှင်များနှင့် အစအနများကိုဖယ်ထုတ်ကာရောင်းချလေ့ရှိသည်။ သို့သော်ငြား လိမ္မော်သီးကဲ့သို့ဖျော်ရည်တွင်မှု အဖတ်လေးများပါသည်ကလူကြိုက်များသည်။တချို့သော ဖျော်ရည်များတွင် ထပ်တိုးပစ္စည်းများကိုထည့်သွင်းကာ (ဥပမာ သကြား အနံတုများ အရသာတုမှုန့်များ) ရောင်းချနေသောဖျော်ရည်များလည်းရှိသည်။သစ်သီးဖျော်ရည်များကိုထုတ်လုပ်ရာတွင် ဆေးကြောခြင်း၊ သစ်သီးကိုခွဲခြားခြင်း၊ စစ်ထုတ်ခြင်း(အရည်) ၊ အပူပေးပိုးသတ်ခြင်း ၊ ဖြည့်တင်းခြင်း၊ ထုတ်ပိုးခြင်း ၊ အအေးခံခြင်း တို့ဖြင့်အဆင့်ဆင့်လုပ်ဆောင်သည်။သစ်သီးဖျော်ရည်များကို ထုတ်လုပ်ရာတွင်ယခုခေတ်အချိန်အခါတွင်တော့ လျှပ်စစ်ဖြင့်ဓာတ်ခွဲထုတ်ယူခြင်းနည်းဖြင့် ထုတ်လုပ်နေပြီဖြစ်သည်။ ယခင်အသုံးပြုခဲ့သော အပူပေးခြင်းဖြင့်ထုတ်ယူခြင်းနည်းလမ်းသည် အနည်းအငယ် သစ်သီးဖျော်ရည်ရဲ့လက်ဆက်ခြင်း တာရှည်ခံခြင်းကို မပြုလုပ်နိုင်သောကြောင့် လျှပ်စစ်ဖြင့်ထုတ်ယူသောနည်းကိုပိုမိုသုံးစွဲကြသည်။

ထုတ်လုပ်ထားသောသစ်သီးဖျော်ရည်များတွင် ၁၀၀ရာခိုင်နှုန်းသစ်သီးဖျော်ရည်ဟုပြောသော်လည်း သစ်သီးများဖြင့်သာပြုလုပ်ထားသည်မဟုတ်ပေ။ သစ်သီး၅၀ရာခိုင်နှုန်း သစ်သီးများရဲ့ဝတ်ရည်၄၀ရာခိုင်နှုန်း နှင့်အခြား ၁၀ရာခိုင်နှုန်းသည်သကြားနှင့် အနံ အရသာ ကောင်းမွန်စေရန်ထည့်သွင်းထားသေးသည်။ဈေးကွက်ထဲတွင်ရောင်းချနေသောသစ်သီးဖျော်ရည်များကိုသုံးစွဲရာတွင်အလွန်အကျွံမသောက်သုံးသင့်ပေ။ သန့်ရှင်းလက်ဆက်သောသစ်သီးဖျော်ရည်တစ်ခွက်သည်မိမိနေအိမ်တွင်လည်းဖန်တီးနိုင်သောကြောင့် ကျန်းမာအသက်ရှည်ခြင်းဖြင့်ပြည့်စုံသော စစ်မှန်သည့်သစ်သီးဖျော်ရည်တစ်ခွက်ကိုနေ့စဉ်မှန်မှန်သောက်သုံးသင့်ပါသည်။