သဏ္ဌာန်ရင်း
(သဏ္ဍာန်ရင်း မှ ပြန်ညွှန်းထားသည်)
သဏ္ဌာန်ရင်းဗေဒ (Topolgy) တွင် သုံးသော အစုလျာအုံ (သို့) သဏ္ဌာန်ရင်း (အင်္ဂလိပ်: topology) ဆိုသည်မှာ - သဏ္ဌာန်ရှိ ရပ်ဝန်း (Topological space) တခုခု ဖြစ်ပေါ်လာအောင် အမှတ်စု(set) တစုကို ဖွဲ့စည်းပုံအရင်းခံ သဏ္ဌာန်ရင်း သင်္ချာနည်းကျ ဖော်ဆောင်ပေးသူ အစုအုံ (familiy of sets) အဖြစ်၊ အောက်ပါ အင်္ဂါရပ် (axiom) တို့နှင့် ပြည့်စုံရ၏။
X က ၎င်း အမှတ်စု၊ ၎င်းကို ဖော်ဆောင်သူ သဏ္ဌာန်ရင်း အစုအုံ τ ၌ ပါဝင်သည့် အစုများမှာ ဤသို့ စုံလင်ရမည်။
- ဗလာစုရော၊ X (တခုလုံးကိုယ်တိုင်)ကပါ အစုအုံ τ ထဲ ပါဝင်သည့် အစုများ ဖြစ်နေ။
- τ ထဲရှိ မည်သည့်ပါဝင်စု မဆို တို့၏ အရောစု(union) အဖြစ် ဖြစ်ပေါ်နိုင်သည့် အစုတိုင်းသည်လည်း ဤအစုအုံကြီး τ ထဲ၌ တခုအပါအဝင် ဖြစ်နှင့်ပြီး။
- τထဲမှ (သင်္ချာရေတွက်နိုင်စွမ်းထက် ကျော်လွန်အောင်မူ မများလွန်းသော) ပါဝင်စုတို့၏ ဘုံပါပိုင်း(intersection) ဖြစ်နိုင်သမျှ (ဗလာစု အပါဝင်) အစုတိုင်းသည်လည်း ဤအစုအုံကြီး τ ထဲ၌ တခုအပါအဝင် ဖြစ်နှင့်ပြီး။