သတိစကား ကဗျာကို လယ်တီဆရာတော် ရေးသားခဲ့သည်။

သတိစကား ပြင်ဆင်ရန်

မျက်မြင်လောက ဤဘဝကား
ဒုက္ခစင်းစင်း ချမ်းသာကင်း၏
သေမင်းအစာ နင့်ခန္ဓာကို
တဏှာဘီလူး အမှောင့်ပူး၍
အရူးပြင်ပြင် နင့်ကိုယ်ထင်၏
နင်နှင့်မဆိုင် နင်ပိုင်မဟုတ်
နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို
နင့်ဉာဏ်မစူး မူးမူးမေ့မေ့
အများလေ့ဖြင့် နေ့ရက်အပုံ
လွန်ခဲ့တုံပြီ။

ကိုးကား ပြင်ဆင်ရန်

  1. ဆန်းလွင်။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် အကြောင်း (စတုတ္ထအကြိမ် ed.)။ ဘဝတက္ကသိုလ်စာပေ။