အတိမဟန္တကဗဠသိက္ခာပုဒ် (သက္ကစ္စဝဂ်)

ဆွမ်းလုပ် ကြီးမှု ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ... ဆွမ်းလုပ်ကို အလွန်ကြီးစွာ လုပ်၍ စားကြကုန်၏၊ ထိုသို့ ဆွမ်းလုပ်ကြီးကြီး လုပ်၍ စားခြင်းကား ပါးစပ်ထဲ၌ မို့မောက် ဖေါင်းပွနေသောကြောင့် အမြင်မတော်လှ၊ လောဘကြီးသကဲ့သို့လည်း ထင်ရ၏၊ သို့ဖြစ်၍ လူတို့ကဲ့ရဲ့သောကြောင့်...[၁]

“နာတိမဟန္တံ ကဗဠံ ကရိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

ဒေါင်းဥအလား အလွန်ကြီးမားသော ဆွမ်းလုပ်ကို မပြုအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ဒေါင်းဥသည်ကြီး၏၊ ကြက်ဥသည် သေးငယ်၏၊ ထို့ကြောင့် ဒေါင်းဥနှင့် ကြက်ဥ ၂-မျိုး၏ အလယ်လောက်ရှိသော ဆွမ်းလုပ်ကို ပြုရမည်ဟု ဆိုလိုသည်၊ ကြီးခြင်းကိုသာ တားမြစ်လိုသောကြောင့် ကြက်ဥလောက် ငယ်သည့်အတွက်ကား အာပတ်မသင့်ပါ၊ [“ကုက္ကုဋဏ္ဍံ အတိခုဒ္ဒကံတိ ဣဒံ အသာရုပ္ပဝသေန ဝုတ္တံ၊ -အတိမဟန္တေဧဝ အာပတ္တီတိ ဒဋ္ဌဗ္ဗံ”-ဝိမတိ ဋီကာ၊] ဆွမ်းလုပ်မဟုတ်သော သစ်သီး မုံ့ လက်သုပ်စသည်ကား ကြီးသော်လည်း အနာပတ္တိ။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး