သတ္တုရှာဖွေကိရိယာ (အင်္ဂလိပ်: Metal detector) ဆိုသည်မှာ အီလက်ထရွန်းနစ် ပစ္စည်းတစ်မျိုးဖြစ်ပြီး သတ္တုထည်များကို ထောက်လှမ်းနိုင်ရန် ရည်ရွယ်သည်။ ယင်းကိရိယာများသည် မမြင်နိုင်အောင် ဖုံးကွယ်ထားသော သတ္တုထည်ဖြင့် ပြုလုပ်ထားသည့် ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ မြေအောက်တွင် ဖုံးကွယ်မြှုပ်နှံထားသော ဗုံးများကို ရှာဖွေရာတွင် လွန်စွာအသုံးဝင်သည်။ ယင်းတွင် လက်ကိုင်တပ်ဆင်ထားသော သတ္တုအာရုံခံကိရိယာဖြင့် မြေကြီးပေါ်တဝိုက်တွင်လည်းကောင်း၊ အရာဝတ္ထုပစ္စည်းများအနီးတွင်လည်းကောင်း ဝှေ့ရမ်းရှာဖွေနိုင်သည်။ အကယ်၍ သတ္တုထည်တစ်ခုခု ရှိကြောင်းသိရပါက နားကျပ်တွင် အသံပြောင်းသွားခြင်းဖြင့် လွယ်ကူစွာသိနိုင်သည်။ နားကျပ်မပါဝင်သော လက်ကိုင် Metal Detector အငယ်စားများတွင် အသံဖြင့်သော်လည်းကောင်း၊ မီးအရောင်ပြောင်းခြင်း၊ ကိရိယာကိုတုန်ခါစေခြင်းဖြင့် သိစေနိုင်သည်။ သတ္တုထည်နှင့် ပိုမိုနီးကပ်လာပါက အသံသည် ပို၍ပို၍ ကျယ်လောင်လာစေမည် ဖြစ်သည်။

US Army စစ်သားအချို့ မိုင်းရှာလေ့ကျင့်နေစဉ်

အခြား Metal Detector အမျိုးအစားမှာ "Walk Through" ဟု ခေါ်သော လူတစ်ကိုယ်လုံး လမ်းလျှောက်ဝင်သွားနိုင်သည့် Metal Detector အကြီးစားမျိုးဖြစ်သည်။ ယင်းတို့ကို လေဆိပ်များ၊ လူအများအပြားဝင်ရောက်ရာ စူပါမားကတ်များ၊ လုံခြုံရေးတင်းကျပ်ရာ အဆောင်အဦးအတွင်း ဝင်ရောက်ရာ နေရာများတွင် တပ်ဆင်အသုံးပြုကြပြီး လူ့ခန္ဓာကိုယ်ပေါ်ရှိ သတ္တုဖြင့်ပြုလုပ်ထားသော လက်နက်များကို ရှာဖွေရှာတွင် အသုံးပြုသည်။ ယင်း၏အားနည်းချက်မှာ သံ၊ ကြေး၊ ရွှေ၊ ငွေ၊ ဒန် စသည့် သတ္တုထည်ဖြင့် ပြုလုပ်ထားသော လူ့အသုံးအဆောင်များမှန်သမျှ အချက်ပေးနေမည် ဖြစ်သည်။

လူကိုယ်တိုင်ဖြတ်သန်းဝင်ရောက်သွားနိုင်သော " Walk Through " စက်အမျိုးအစားများ

သတ္တုထည်တိုင်းသည် လျှပ်ကူးနိုင်စွမ်းရှိသည့် အချက်ကိုအသုံးချ၍  Metal Detector တွင် လက်စစ်သံလိုက်စက်ကွင်း Alternating Current ကို ထုတ်လွှတ်ပေးနိုင်သော Coil တစ်ခုပါဝင်မှာဖြစ်ပြီး ယင်းမှနေ၍ Alternative magnetic field သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေသည်။ သံလိုက်စက်ကွင်းသည် သတ္တုထည်တစ်ခုခု၏နှင့် နီးကပ်လာပါက Metal Detector ရှိ သံလိုက်စက်ကွင်းအားကြောင့် ၎င်းသတ္တုပစ္စည်းတို့သည်လည်း ကိုယ်ပိုင်သံလိုက်စက်ကွင်းဖြစ်ပေါ်လာစေသည်။ ယင်းသို့ ကိုယ်ပိုင် သံလိုက်စက်ကွင်းဖြစ်ပေါ်လာစေရန် သွေးဆောင်ဖန်တီးမှုကို Metal Detector အတွင်းရှိ အခြား ကွိုင်တစ်ခုမှနေ၍ (Magnetometer) ထောက်လှမ်းသိရှိကာ သတ္တုထည်တစ်ခုခုရှိကြောင်း အသံလှိုင်းထုတ်ပေးခြင်း၊ မီးလင်းစေခြင်းဖြင့် ကိုယ်တွယ်အသုံးချသူက သိရှိစေနိုင်သည်။

ပထမဆုံး Metal Detector ကို ၁၉၆၀ ခုနှစ်တွင် စတင်တီထွင် ထုတ်လုပ်နိုင်ခဲ့သည်။ ဓာတ်သတ္တုရှာဖွေမှုများအတွတ် စက်မှုဇုန်များနှင့် သတ္တုတွင်းလုပ်ငန်းများတွင် အများအပြားအသုံးပြုခဲ့ကြသော်လည်း လေဆိပ် နှင့် လုံခြုံရေးတင်းကျပ်သည့်နေရာများအတွတ် ဓား၊ သေနတ် စသည့် အန္တရာယ်ဖြစ်စေနိုင်သည့်ပစ္စည်းများ ရှာဖွေခြင်းနှင့် မြေမြှုပ်မိုင်းများ ရှာဖွေရာတွင် အလွန်များပြားစွာအသုံးပြုကြသည်။ အဆင့်မြင့် Metal Detector များတွင် ပြည်ပမှတင်သွင်းလာသော အစားအစာများတွင် ခဲပါဝင်မှုမရှိမရှိကိုစစ်ဆေးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းကြီးများတွင် ကွန်ကရစ်အတွင်း အသုံးပြုသံကူသံချောင်းများကို စစ်ဆေးခြင်း၊ ပိုက်များ နှင့် နံရံအတွင်းမြှုပ်ထားသော ဝါယာကြိုးများအား၏ လမ်းကြောင်းကို ရှာဖွေရာတွင် အသုံးပြုကြသည်။