သထုံပြည်
သထုံပြည် ခေါ် သုဝဏ္ဏဘူမိ သည် အောက်မြန်မာပြည်တွင် ဘီစီ လေးရာစုခန့်မှ အေဒီ ၁၁ ရာစုလယ်အထိ တည်ရှိခဲ့သည်ဟု ယုံကြည်ကြသော မွန်ပြည်ထောင်တစ်ခု ဖြစ်သည်။ လက်ရှိ အောက်မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် တည်ရှိခဲ့သော မွန်ပြည်ထောင်များအနက် တစ်ခုဖြစ်သော သထုံပြည်သည် သထုံမြို့ကို ဗဟိုပြုခဲ့သော မြို့ပြနိုင်ငံတစ်ခု ဖြစ်ခဲ့သည်။[၁]:63,77 တောင်အိန္ဒိယနှင့် သီရိလင်္ကာတို့နှင့် တိုက်ရိုက်စီးပွားကူးသန်းမှုရှိခဲ့သော သထုံပြည်သည် အရှေ့တောင်အာရှတွင် ထေရဝါဒ ဗုဒ္ဓဘာသာ၏ အဓိကဗဟိုချက် ဖြစ်ခဲ့သည်။ အခြားသော မွန်ပြည်ထောင်များနည်းတူ သထုံပြည်သည်လည်း ခမာအင်ပါယာ၏ ကျူးကျော်မှုများကို ခံခဲ့ရသည်။ သို့သော်လည်း ဒဏ္ဍာရီလာနေပြည်တော်ကို သိမ်းပိုက်ခဲ့သည်မှာ ၁၀၅၇ ခုနှစ်တွင် မြောက်အရပ်မှ ပုဂံမင်းနေပြည်တော် ဖြစ်သည်။
သထုံမင်းနေပြည်တော် | |
---|---|
လက်ရှိအခြေအနေ | မင်းနေပြည်တော် |
မြို့တော် | သထုံမြို့ |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
အစိုးရ | သက်ဦးဆံပိုင် |
သမိုင်းကြောင်း
ပြင်ဆင်ရန်မွန်ရာဇဝင်များအရ သထုံပြည်ကို ဗုဒ္ဓခေတ်ကပင် တည်ထောင်ခဲ့ကာ ဘုရင် ၅၉ ဆက် အုပ်စိုးခဲ့သည်ဟု ဆိုသည်။ နိုင်ငံရေးအရခိုလှုံသူများက ပဲခူးမြို့ကို ၅၇၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်ဟု ဆိုသည်။[၂] သို့သော်လည်း လက်ရှိဖြစ်သော ထိုင်းနိုင်ငံမြောက်ပိုင်းဒေသနေရာမှ မွန်လူမျိုးများ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့လာခဲ့သည့် ကိုးရာစုအချိန်တွင်မှ ပေါ်ပေါက်လာသည်ဟု သမိုင်းမှတ်တမ်းအရ ဖြစ်နိုင်သည်။ ဂျီအီး ဟာဗေး ၏ မြန်မာ့သမိုင်း စာအုပ်တွင် ရွှေမော်ဓော ဘုရားသမိုင်း အား ကိုးကား၍ ဖော်ပြရာတွင် ပဲခူးကို တည်ထောင်သည်မှာ အထောက်အထားမရှိသော်လည်း ၈၂၅ ခုနှစ်ဖြစ်သည်[၃] အမှန်တကယ်တွင် ရှေးဟောင်းမြန်မာ့သမိုင်းတွင် ပဲခူးအား အစောဆုံး ဖော်ပြထားသည်မှာ ၁၂၆၆ ခုနှစ် ဖြစ်သည်။[၄]
မြန်မာနှင့် မွန်သမိုင်းများတွင် တူညီစွာ ဖော်ပြထားသည်မှာ သထုံပြည်အား ၁၀၅၇ ခုနှစ်တွင် ပုဂံပြည်မှ သိမ်းပိုက်ခဲ့သည့် အချက် ဖြစ်သည်။[၁]:149 အနော်ရထာမင်းသည် မွန်ရဟန်းဖြစ်သော ရှင်အရဟံထံမှ ထေရဝါဒ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ပြီးနောက် သထုံပြည် မနုဟာမင်းထံမှ ပိဋကတ် သုံးပုံကို တောင်းဆိုခဲ့သည်။ မနုဟာမင်းက ငြင်းပယ်ခဲ့သည်ကို အကြောင်းပြု၍ အနော်ရထာသည် သထုံပြည်ကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။[၅] ရာဇဝင်ကျမ်းများအရ မြို့အား သုံးလကြာ ဝိုင်းရံခံရပြီးနောက် မနုဟာမင်းသည် ၁၀၅၇ ခုနှစ် မေလ ၁၇ ရက် (မြန်မာသက္ကရာဇ် ၄၁၉၊ နယုန်လဆန်း ၁၁ ရက်) တွင် အညံ့ခံခဲ့သည်။[၆] သက္ကရာဇ် ၁၀၅၀ မှ ၁၀၈၅ ခန့်အကြားတွင် မွန်လူမျိုးများသည် ပုဂံရှိ အဆောက်အဦးများ ဆောက်လုပ်ရာတွင် ပါဝင်ကူညီခဲ့ရသည်။[၇]
သထုံဘုရင်များ စာရင်း
ပြင်ဆင်ရန်မွန်ရာဇဝင်ကျမ်းများအရ ဗုဒ္ဓခေတ်မှ စ၍ သထုံပြည်ကို အုပ်စိုးခဲ့သော ဘုရင် ၅၉ ဦး ရှိခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်မှတ်စုများ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- Aung-Thwin၊ Michael (2005)။ The Mists of Rāmañña: the Legend that was Lower Burma။ University of Hawaii Press။ ISBN 978-0-8248-2886-8။
- Hall၊ D.G.E. (1960)။ Burma (3rd ed.)။ Hutchinson University Library။ ISBN 978-1-4067-3503-1။
- Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
- Htin Aung၊ Maung (1967)။ A History of Burma။ New York and London: Cambridge University Press။
- Kyaw Thet (1962)။ History of Burma (Burmeseဘာသာစကားဖြင့်)။ Yangon: Yangon University Press။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- Lieberman၊ Victor B. (2003)။ Strange Parallels: Southeast Asia in Global Context, c. 800–1830, volume 1, Integration on the Mainland။ Cambridge University Press။ ISBN 978-0-521-80496-7။
- Phayre၊ Lt. Gen. Sir Arthur P. (1883)။ History of Burma (1967 ed.)။ London: Susil Gupta။
- Shorto၊ H.L. (2002)။ "The 32 Myos in the medieval Mon Kingdom"။ in Vladimir I. Braginsky (ed.)။ Classical civilisations of South East Asia: an anthology of articles။ Routledge။ ISBN 9780700714100။
- South၊ Ashley (2003)။ Mon nationalism and civil war in Burma: the golden sheldrake။ Routledge။ ISBN 978-0-7007-1609-8။