သဒ္ဓသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သဒ္ဓါတရားရှိသော အမျိုးကောင်းသား၏ အာနိသင်ငါးမျိုးတို့အကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]

သဒ္ဓသုတ် ပြင်ဆင်ရန်

ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသား၌ အာနိသင်တို့သည် ဤငါးမျိုတို့တည်း။ အဘယ်ငါမျိုးနည်း ဟူမူ -[၁]

  • ရဟန်းတို့ ငြိမ်သက်သော စိတ်ရှိသော သူတော်ကောင်းတို့သည် သနားစောင့်ရှောက်ကုန်သည်ရှိသော် သဒ္ဓါတရားနှင့် ပြည့်စုံသောသူကိုသာလျှင် ရှေးဦးစွာ သနားစောင့်ရှောက်ကုန်၏။ သဒ္ဓါတရားနှင့် မပြည့်စုံသောသူကို ထိုကဲ့သို့ မစောင့်ရှောက်ကုန်။[၁]
  • ချဉ်းကပ်ကုန်သည်ရှိသော် သဒ္ဓါတရားနှင့် ပြည့်စုံသောသူကိုသာလျှင် ရှေးဦးစွာ ချဉ်းကပ်ကုန်၏၊ သဒ္ဓါတရားနှင့် မပြည့်စုံသောသူကို ထိုကဲ့သို့ မချဉ်းကပ်ကုန်။[၁]
  • အလှူခံကုန်သည်ရှိသော် သဒ္ဓါတရားနှင့် ပြည့်စုံသောသူကိုသာလျှင် ရှေးဦးစွာ အလှူခံကုန်၏၊ သဒ္ဓါတရားနှင့် မပြည့်စုံသောသူကို ထိုကဲ့သို့ အလှူမခံကုန်။[၁]
  • တရားဟောကုန်သည်ရှိသော် သဒ္ဓါတရားနှင့် ပြည့်စုံသောသူကိုသာလျှင် ရှေးဦးစွာ သနားစောင့်ရှောက်ကုန်၏။ သဒ္ဓါတရားနှင့် မပြည့်စုံသောသူကို ထိုကဲ့သို့ မဟောကြားကုန်။[၁]
  • သဒ္ဓါတရားရှိသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ရောက်ရ၏။[၁]

ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။[၁]

ရဟန်းတို့ ညီညွတ်သော မြေအပြင်ဝယ် လမ်းလေးခုဆုံရာ၌ ပေါက်ရောက်သော ပညောင်ပင်ကြီးသည် ထက်ဝန်းကျင်မှ ငှက်အပေါင်းတို့၏ မှီခိုရာဖြစ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် သဒ္ဓါတရားရှိသော အမျိုးကောင်းသားသည် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမ ဖြစ်ကုန်သော များစွာသော လူအပေါင်း၏ မှီခိုရာဖြစ်၏ ဟု (မိန့်တော်မူ၏)။


အကိုင်းအခက်အရွက်အသီးနှင့် ပြည့်စုံ၍ ပင်စည် လုံးပတ်ကြီးမားပြီးလျှင် အမြစ်အရင်းခိုင်ခံ့လျက် အသီးနှင့် ပြည့်စုံသော သစ်ပင်ကြီးသည် ငှက်အပေါင်းတို့၏ နားနေရာ ဖြစ်သကဲ့သို့။[၁]

ပျော်မွေ့ဖွယ်ကောင်း၍ (ငှက်အပေါင်းတို့) စုဝေးရာအရပ်၌ ထိုသစ်ပင်ကြီးကို ငှက်အေပါင်းကို မှီဝဲကုန်ဘိသကဲ့သို့ အရိပ်အလိုရှိသော ငှက်တို့သည် ကပ်ရောက်ကုန်ဘိသကဲ့သို့ အသီးအလိုရှိသော ငှက်တို့သည် အသီးကို စားလျက် သွားကုန်ဘိသကဲ့သို့။[၁]

ထို့အတူသာလျှင် သီလနှင့် ပြည့်စုံသော နှိမ့်ချသော အကျင့်ရှိ၍ မခက်မထန်သော တင့်တယ်ကောင်းမြတ်သောအမှု၌ မွေ့လျော်သော ပြေပြစ်နူးညံ့သော သဒ္ဓါတရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။[၁]

စွဲမက်မှုရာဂကင်းသော အမျက်ထွက်မှုကင်းသော တွေဝေမှုကင်းသော အာသဝေါကင်းစင်မှုကြောင့် လောက၌ ကုသိုလ်ကောင်းမှုစိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်ဖြစ်သော ရဟန္တာပုဂ္ဂိုလ်တို့သည် ထိုသို့သဘောရှိသူကို မှီဝဲချဉ်းကပ်ကြကုန်၏။[၁]

ထိုရဟန္တာတို့သည် ထိုသူအား ဒုက္ခခပ်သိမ်း ပယ်ဖျောက်ကြောင်းဖြစ်သော တရားကို ဟောကြားတော်မူကုန်၏၊ ထိုသူသည် ဤဘဝ၌ ယင်းတရားကို သိရ၍ အာသဝေါကင်းလျက် ပရိနိဗ္ဗာန် ပြုရလေသတည်း။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၄-သုမနဝဂ် ၈- သဒ္ဓသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။