သန္တာပ ဆိုသည်မှာ စက္ခု၌ ဖြစ်သော ကိလေသာ စသည်အတွက် ပူပန်မှုကို ဆိုလိုသည်။[၁]

သန္တာပ ပြင်ဆင်ရန်

ဤသန္တာပဒဏ်ချက်သည် နောက်၌ ရာဂမီးကို ပွားစီးစေခြင်း၊ ဒေါသမီးကို ပွားစီးစေခြင်း စသည်ပင် ဖြစ်သည်။ စက္ခုသည် ဤမျှလောက်သော ဒုက္ခဒဏ်ချက်တို့ဖြင့် သတ္တဝါတို့ကို လွန်စွာနှိပ်စက် ညှဉ်းပန်းတတ်သည်ဖြစ်၍ အနမတဂ္ဂသံသရာ၌ အတွင်းအင်္ဂါကြီး တစ်ခုပြုလုပ်၍ ကျင်လည်ရန်အတွက် ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် ဒုက္ခမျိုးသာ အမှန်ဖြစ်သည်။

သောတ, ဃာန, ဇိဝှါ, ကာယ, မနောတို့၌လည်း ဤနည်းအတူ ဒုက္ခချက်တွေကို အကျယ်ဆိုလေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၅၂၊ ၅၃။