သန်လျင် မင်းကျောင်းဆရာတော်

ဘဒ္ဒန္တစန္ဒိမာဘိဝံသ(၁၉၄၇ ဖွား) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ လက်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏  ပဉ္စမမြောက် ဥက္ကဋ္ဌဆရာတော်ဖြစ်သည်။[၁] သန်လျင် မင်းကျောင်းဆရာတော်အဖြစ် သိရှိကြသည်။ယင်းမတိုင်မီ က  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။[၂] [၃]

ဘဒ္ဒန္တစန္ဒိမာဘိဝံသမဟာထေရ်
ဘာသာဗုဒ္ဓဘာသာ
ကျောင်းတိုက်သန်လျင်မင်းကျောင်း၊ သန်လျင်မြို့
ဘွဲ့တံဆိပ်
အခြားအမည်များသန်လျင် မင်းကျောင်းဆရာတော်
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား (1947-02-23) ၂၃ ဖေဖော်ဝါရီ၊ ၁၉၄၇ (အသက် ၇၇)
ရန်ကုန်တိုင်းကျောက်တန်းမြို့နယ်၊ ဘော်ဂလွတ်ရွာ
မိဘဦးထွေး+ဒေါ်ကြင်
ရာထူး တာဝန်
ဌာနနိုင်ငံတော် သံဃမဟာနာယကအဖွဲ့
ဂုဏ်ဒြပ်ဥက္ကဋ္ဌဆရာတော်
ယခင်ကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်)

ငယ်ဘဝ ပြင်ဆင်ရန်

မြန်မာသက္ကရာဇ်  ၁၃၀၈ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ အင်္ဂါနေ့၊ ည ၉ နာရီတိတိအချိန် တွင် ရန်ကုန်၊ ကျောက်တန်းမြို့နယ်၊ ဘော်ဂလွတ်ရွာ တွင် ခမည်းတော် ဦးထွေး၊ မယ်တော် ဒေါ်ကြင် တို့က မွေးဖွားခဲ့သည်။ တစ်ဦးတည်းသော သားရတနာဖြစ်ကာ ငယ်နာမည်မှာ မောင်စိုးသိန်းဖြစ်သည်။

ရှင်သာမဏေဘဝ ပြင်ဆင်ရန်

အသက်  ၁၂ နှစ်သားအရွယ် တွင် အဘိုး၊ အဘွား နှင့် မိဘနှစ်ပါးတို့က ပစ္စယာနုဂ္ဂဟ အဖြစ်လည်းကောင်း၊ ဥပဇ္ဈာယ်ဆရာတော် ဦးဇနိန္ဒ က ဓမ္မာနုဂ္ဂဟ ဖြင့် လည်းကောင်း ချီးမြှောက်ခဲ့မှုဖြင့် သာမဏေအဖြစ် သို့ ရောက်ရှိခဲ့သည်။ ဘွဲ့တော် မှာ ရှင်စန္ဒိမာ ဖြစ်သည်။

စာသင်သားဘဝ ပြင်ဆင်ရန်

ရှင်စန္ဒိမာ သည်  ၁၃၂၄ ခုနှစ်၊ နယုန်လ တွင် အရှင်ကုသလ (သာသနဓဇ ဓမ္မာစရိယ) ၏ အဆက်အသွယ်ဖြင့်  ဘော်ဂလွတ် ဆရာတော် ၏ ပို့ဆောင်မှုကြောင့် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် သို့ ရောက်ရှိခဲ့သည်။ ထို စာသင်တိုက် တွင် ပထမပြန် စာပေများ သင်ကြားအားထုတ်ခဲ့ပြီး ၁၇ နှစ်အရွယ် တွင် ၁၃၂၅ ခုနှစ်၊ တော်လှန်ရေးအစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမငယ်တန်း  တစ်ပြည်လုံး ဒုတိယ ဂုဏ်ထူး၊ ၁၃၂၆ ခုနှစ်မှာ ပထမလတ်တန်း တစ်ပြည်လုံး တတိယ ဂုဏ်ထူး နှင့် အောင်မြင်ခဲ့သည်။[၄]

ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပုံ ပြင်ဆင်ရန်

ရှင်စန္ဒိမာ သည် ၁၃၂၈ ခုနှစ်၊ နယုန်လဆုတ် ၂ ရက် တွင် သန်လျင်မြို့၊ မင်းကျောင်း၊ ပထမပြန် စာသင်တိုက် ခဏ္ဍသိမ်တော် တွင် ဆရာရင်းဖြစ်သူ ဘော်ဂလွတ် ဆရာတော် အား ဥပဇ္ဈာယ်ပြုပြီး ပစ္စယာနုဂ္ဂဟ ဖြင့် ပထမအကြိမ် ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ၁၃၂၉ ခုနှစ်၊ တန်ခူးလ တွင် ဒုတိယအကြိမ် သိက္ခာတင်ခဲ့ပြီး  ၁၃၄၂-ခုနှစ် တပေါင်းလတွင် တတိယအကြိမ် ထပ်မံ သိက္ခာတင်သည်။

အောင်မြင်ခဲ့သည့် စာမေးပွဲများ ပြင်ဆင်ရန်

  • ၁၃၂၈ ခုနှစ်တွင် ကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းတွင်  “ပထမကျော်” ဘွဲ့ထူး။
  • ၁၃၃၂ ခုနှစ် တွင် ကျင်းပသည့်  ရန်ကုန်မြို့၊ စေတိယင်္ဂဏစာသင်တန်း။
  • ၁၃၃၃ ခုနှစ် တွင် ကျင်းပသည့်  မန္တလေးမြို့ သကျသီဟစာသင်တန်း (ဒုတိယဂုဏ်ထူး) ။
  • ၁၃၃၄ ခုနှစ်တွင် အစိုးရဓမ္မာစရိယတန်း ကျမ်းရင်းသုံးကျမ်း အား အောင်မြင်ခဲ့၍ “သာသနဓဇ ဓမ္မာစရိယ” ဘွဲ့။
  • ၁၃၃၈ ခုနှစ် တွင် ရန်ကုန်မြို့၊ စေတိယင်္ဂဏစာချတန်းကို တပါးတည်း အောင်မြင်ခဲ့၍ “စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက” ဘွဲ့။
  • ၁၃၃၉ ခုနှစ် တွင် မန္တလေးမြို့၊ သကျသီဟစာချတန်းကို အပြီးအစီး အောင်မြင်ခဲ့၍ “အရှင်စန္ဒိမာဘိဝံသ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ” ဘွဲ့။

နိုင်ငံတော်သံဃမဟာနာယကဆရာတော် ဖြစ်လာပုံ ပြင်ဆင်ရန်

လစ်လပ်နေသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ ပဉ္စမမြောက် ဥက္ကဋ္ဌ ဆရာတော်အဖြစ် ၂၀၂၄ ခုနှစ် မတ်လ(၉)ရက်က ကျင်းပခဲ့သည့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌမအစည်းအဝေး ဒုတိယနေ့တွင် ရွေးချယ် တင်မြှောက်ခံရခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော်ကို ရွေးချယ်တင်မြှောက်tachileik new agency (၁၀ မတ် ၂၀၂၄)။ ၁၂ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးအား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်သည့် မဟာဂုဏဝိသိဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) (၂၆ ဒီဇင်ဘာ ၂၀၁၆)။ ၁၂ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ခေတ်အဆက်ဆက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောဆရာတော်ကြီးများ၏ ထေရုပတ္တိအကျဉ်းချုပ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့။ ၁၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်သံဃ မဟာနာယက ဥက္ကဋ္ဌအဖြစ် သန်လျင် မင်းကျောင်းဆရာတော်ကြီးကို ရွေးချယ်တင်မြှောက်Voice of Myanmar (၁၀ မတ် ၂၀၂၄)။ ၁၂ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။