သန်းသန်းနု သည် မြန်မာလူမျိုး ဘာသာပြန်အသံလွှင့်ခဲ့သူ နှင့် စာရေးသူ ဖြစ်သည်။ယင်းအပြင် ဒီမိုကရက်တစ်ပါတီ( မြန်မာ) ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။ [၁]

ဘဝဖြစ်စဉ် ပြင်ဆင်ရန်

၁၉၄၇ ခု၊ အောက်တိုဘာလ ၃ ရက်တွင် ဦးနု၊ ဒေါ်မြရီတို့က ရန်ကုန်၌ မွေးသည်။

၁၉၆၄-၆၈ ခုများတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်၌ ပညာသင်သည်။ နိုင်ငံရေး အရှုပ်အထွေးကြောင့် ဖခင်ဖြစ်သူ တိမ်းရှောင်ရသည့် ၁၉၆၉ ခု၊ ဧပြီလတွင် အိန္ဒိယသို့ သန်းသန်းနုပါ ပါသွားသည်။

၁၉၈၀ မှ ၂၀၀၃ ခုအထိ အိန္ဒိယ နိုင်ငံပိုင် အသံလွှင့်ဌာန (All India Radio) တွင် ဘာသာပြန်အသံလွှင့်သူ လုပ်သည်။

၂၀၀၃ ခု၊ မတ်လတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။

ပါတီနိုင်ငံရေးထဲ ဝင်ရောက်လာခြင်း ပြင်ဆင်ရန်

ဒေါ်သန်းသန်းနုသည် ဦးသုဝေ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် ဒီမိုကရက်တစ်ပါတီ (Democratic Party (Myanmar)) တည်ထောင်ရာတွင် ဦးဆောင်အဖွဲ့ထဲ ပါဝင်ခြင်းဖြင့် ပါတီနိုင်ငံရေးထဲ ၂၀၁၀ ပြည့်နှစ်တွင် စတင်ဝင်ရောက် လာခဲ့သည်။[၂] အဆိုပါ ပါတီတွင် သူမသည် အတွင်းရေးမှူးချုပ်တာဝန်[၃] ယူခဲ့သည်။[၄] ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေ ၂၀၂၂ခုနှစ် မေလ ၁၈ရက်တွင် ကွယ်လွန်ပြီးနောက်[၅] သူမကို ပါတီဝင်များက  ဒီမိုကရက်တစ်ပါတီ( မြန်မာ) ၏ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခဲ့ကြသည်။ ဒေါ်သန်းသန်းနုသည်   အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ [၆]  မှနေ၍ လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း [၇] [၈] နေရာမှနေ၍လည်းကောင်း  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိသည်ကိုတွေ့ရသည်။

မိသားစုဘဝ ပြင်ဆင်ရန်

ဦးအောင်ငြိမ်းနှင့် လက်ထပ်ရာ ရှိန်မင်းနှင့် အောင်စည်ဟူသော သား ၂ ယောက် ရှိသည်။ ရှိန်မင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိမြို့တွင် နေထိုင်ပြီး အောင်စည်မှာ ဩစတြေးလျနိုင်ငံ၊ ကန်ဘာရာမြို့တွင် သုတေသီအဖြစ် အမှုထမ်းသည်။ [၉]

ရေးသားခဲ့သော စာအုပ်များ ပြင်ဆင်ရန်

ခေါင်းစဉ် ထုတ်ဝေနှစ် ပုံနှိပ်တိုက် မှတ်ချက်
မျက်စိအကြောင်း သိကောင်းစရာ ၂၀၀၇ ပြည့်စုံ စာပေ

ကိုးကား ပြင်ဆင်ရန်

  1. ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီးဒေါ်သန်းသန်းနု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌဖြစ်လာYangon Time Media (၁၀ ဩဂုတ် ၂၀၂၂)။ ၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ဦးသုဝေရဲ့ ဒီမိုကရက်တစ် ပါတီသစ် ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်VOA (၁၅ စက်တင်ဘာ ၂၀၀၉)။ ၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ရွေးကောက်ပွဲပေါ် ဒေါ်သန်းသန်းနုအမြင်BBC Burmese (၁၁ ဒီဇင်ဘာ ၂၀၁၀)။ ၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ရွေးကောက်ပွဲပေါ် ဒေါ်သန်းသန်းနုအမြင်VOA (၁၂ အောက်တိုဘာ ၂၀၁၅)။ ၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. စစ်တပ်အာဏာသိမ်းမှု သုံးကြိမ် ကြုံခဲ့သူ သက်တော်ရှည် နိုင်ငံရေးသမား ပြည်ချစ် ဦးသုဝေBBC Burmese (၂၃ မေ ၂၀၂၂)။ ၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၁၀ အထွေထွေရွေးကောက်ပွဲ)UEC Myanmar (၇ နိုဝင်ဘာ ၂၀၁၀)။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၁၅ အထွေထွေရွေးကောက်ပွဲ)UEC Myanmar။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များMyanmar Now (၄ နိုဝင်ဘာ ၂၀၁၅)။ ၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. မြသန်းသန်းနု။ "ပညာ"။ Living Color စီးပွားရေးသတင်း မဂ္ဂဇင်း။ ၂၀၀၈၊ ဇူလိုင်။ စာ ၁၂၃။