သပ္ပိဝိညာပနသိက္ခာပုဒ်
အမှု—ထောပတ်ကို တောင်း၍စား။
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ [၁]
ထိုသို့စားခြင်းကြောင့် လူတို့က “ကောင်းတာကို ဘယ်သူမကြိုက်ဘဲရှိ မှာလဲ” ဟု ကဲ့ရဲ့ကြသဖြင့် “ထောပတ်ကို တောင်း၍ မစားရ”ဟု ပထမ ပညတ်တော်မူပြီးလျှင် ထောပတ်ကိုမစားရ၍ မကျန်းမာသော ဂိလာန ဘိက္ခုနီအတွက် ခြွင်းချက်ထားတော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်
ပြင်ဆင်ရန်ယာ ပန ဘိက္ခုနီ အဂိလာနာ သပ္ပိံ ဝိညာပေတွာ ဘုဉ္ဇေယျ, ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ ‘‘ဂါရယှံ, အယျေ, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ’’တိ။
မြန်မာပြန်
ပြင်ဆင်ရန်အကြင်ဘိက္ခုနီသည် ဂိလာနမဟုတ်ဘဲ (ထောပတ်စားရမှ ကျန်းမာမည့်သူမဟုတ်ဘဲ) ထောပတ်ကို တောင်း၍ စားအံ့၊ ထိုဘိက္ခုနီသည် “အရှင်မတို့...တပည့်တော်သည် ကဲ့ရဲ့တိုက်သော မလျောက်ပတ်သော ပါဋိဒေသနီယ သိက္ခာပုဒ်သို့ ရောက်ပါပြီ၊ ထိုအာပတ်ကို (အာပတ်သင့်ကြောင်း ဝန်ခံသောအားဖြင့်) သီးခြား ပြောပြပါ၏”ဟု ဆို၍ ဒေသနာပြောရမည်။
မှတ်ချက်
ပြင်ဆင်ရန်ဂိလာန မဟုတ်သော်လည်း ဆွေမျိုးတော်စပ်သူထံ၌လည်းကောင်း, အလိုရှိလျှင် ပြောပါ (အမိန့်ရှိပါ) ဟု ဖိတ်ထားသူထံ၌လည်းကောင်း, တောင်း၍စား ကောင်း၏။
ကိုးကား
ပြင်ဆင်ရန်- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။