သဗ္ဗမင်္ဂလာဂါထာတော်
"ဒိဝါ တပတိ" အစချီသည့် သဗ္ဗမင်္ဂလာဂါထာတော် သည် ရှေးဘုရားရှင်များ သက်တော်ထင်ရှားရှိစဉ် ကုက္ကုဍဝတီပြည်တွင် မဟာကပ္ပိနမင်းနှင့် အနောဇာဒေဝီတို့ စိုးစံချိန်မှ စတင်ရွတ်ဖတ်ပူဇော်ခဲ့ရာ ယခုထက်တိုင်ဖြစ်သည်။ လူတို့သည် ဘေးဥပါဒ်ရန်စွယ်အန္တရာယ်များကို စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ကြ၏။ ထိုအခါ ထိုကြောက်မက်ဖွယ်အရာတို့မှ ကွေကွင်းလွတ်မြောက်စေရန် လူတို့သည် အမျိုမျိုးကြိုးစား အားထုတ်ကြ၏။ အောင်မြင်သည့်အခါလည်း ရှိသကဲ့သို့၊ မအောင်မြင်သည့် အခါလည်း ရှိပေသည်။ သို့သော် ဤ သဗ္ဗမင်္ဂလာဂါထာတော် ကို ရွတ်ဖတ်ပူဇော်ပါက ရှေးအခါမှ ယခုကာလထိ အောင်မြင်ခဲ့သည်ပင် ဖြစ်သည်။[၁]
ရွတ်ဖတ်ပုံ
ပြင်ဆင်ရန်နေ့စဉ်အိပ်ရာဝင်ချိန်နှင့် အိပ်ယာထချိန်တို့တွင် ယုံယုံကြည်ကြည် အလေးအနက်ထားကာ အနည်းဆုံးကိုးခေါက် ရွတ်ဖတ်ပူဇော်ရမည်။ ပူဇော်ရာတွင် မိမိ၏ ခံတွင်းအား သန့်သန့်ရှင်းရှင်းဖြစ်စေကာ ပူဇော်ရမည်။ မည်သည့် ရမ္မက်၊ လောဘစသည်တို့မရှိဘဲ စိတ်နှလုံးကြည်လင်ချမ်းသာစွာ ရွတ်ဖတ်ရန် အထူးအရေးကြီးသည်။ ဤဂါထာ၏ အနက်အဓိပ္ပာယ်ကို သိပြီးပါက ပါဠိသက်သက်ကို ရွတ်ဖတ်နိုင်သည်။[၁]
ပါဠိ
ပြင်ဆင်ရန်ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္မန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။
န မက္ကာရာ နုဘာဝေန၊ သဗ္ဗေပူရေ န္တု သင်္ကပ္ပါ။
[၁]
အနက်အဓိပ္ပာယ်
ပြင်ဆင်ရန်အာဒိစ္စော − ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ပဝင်း ရှင်နေမင်းသည်။ ဒိဝါ − နေ့အခါ၌။ တပတိ − လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။
စနိ္ဒမာ − စန်းငွေယုန်ခ သော်တာလသည်။ ရတ္တိံ − ညဉ့်အခါ၌။ အာဘာတိ − နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။
သန္နဒ္ဓေါ − ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော။ ခတ္တိယော − လူတို့သနင်း ပြည့်ရှင်မင်းသည်။ တပတိ − ကြီးမြင့်ခံ့ထယ် တင့်တယ်ပေ၏။
ဈာယိ − ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ဝင်စားလျက်ရှိသော။ ဗြာဟ္မဏော − ကိလေသာကို အပပြုပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်။ တပတိ − ဈာန်မဂ်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။
အထ − ထိုမှကြူး၍ ထူးသည်မှာကား။ ဗုဒ္ဓေါ − သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား အောင်တော်မူ မြတ်စွာဘုရားသည်။ သဗ္ဗံ − အလုံးစုံသော။ တ အဟောရတ္တိံ − နေ့ညဉ့်ကာလပတ်လုံး။ တေဇသာ − ကြီးကဲစိုးရ တန်ခိုးတော်အနန္တဖြင့်။ တပတိ − အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မူပါပေသတည်း။[၁]