သဘာဝတရားရိပ်သာ (သန်လျင်မြို့နယ်)

သဘာဝတရားရိပ်သာ (သန်လျင်မြို့နယ်) သည် သက်ကြီးရွယ်အိုများ၊ ယောဂီများ၊ ခိုကိုးရာမဲ့များနှင့် ဂိလာနများကို စောင့်ရှောက်ထားသောနေရာဖြစ်ပြီး သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားအနီးတွင် တည်ရှိသည်။[၁][၂]ကနဦး မြေနေရာ ၃ ဧကကို တပ်မတော်အငြိမ်းစားအရာရှိ ဦးကျော်အေးက လှူဒါန်းခဲ့ပြီး ရိပ်သာအနီးရှိ မြေနေရာများကို ဝယ်ယူခဲ့ပြီးနောက် ၅၈ ဧကအထိ ကျယ်ဝန်းနေပြီဖြစ်သည်။[၃] ယခုအခါ ဆရာတော် အရှင်ဥတ္တမသာရမှ ကျောင်းထိုင် အုပ်ချုပ်လျက်ရှိသည်။[၄]

ကိုးဗစ်-၁၉ ရောဂါကူးစက်ခြင်း ပြင်ဆင်ရန်

သဘာဝတရားရိပ် သာ၌ သံဃာတော်၊ သီလရှင်နှင့် ယောဂီအဘိုးအဘွား ၄၀၀၀ ခန့် ရှိပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၇ရက်အထိ ၂၂၄၁ ဦးကို ကိုးဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ၄၀၇ ဦးတွင် ရောဂါပိုး တွေ့ခဲ့သည်။[၅]

ကိုးကား ပြင်ဆင်ရန်