သဘာဝ အရင်းအမြစ်

လူသားကြောင့်မဟုတ်ဘဲဖြစ်ပေါ်သောအရင်းအမြစ်

သဘာဝအရင်းအမြစ်များ (စီးပွားရေးအရ မြေကြီးသို့မဟုတ် ကုန်ကြမ်းပစ္စည်းများကို ရည်ညွှန်းသည်) သည်။ ပတ်ဝန်းကျင်အတွင်းတွင် သဘာဝအလျောက် ဖြစ်ပေါ်နေပြီး လူသားတို့၏ နှောင့်ယှက်ဖျက်ဆီးခြင်းကို အတော်အတန် မခံရပဲ သဘာဝ ပုံစံဖြင့် တည်ရှိသည်။ သဘာဝ အရင်းအမြစ် တစ်ခုကို ဂေဟ စနစ် မြောက်မြားစွာ အတွင်းတွင် ရှိသော ဇီဝမျိုးကွဲများ ပမာဏ ဖြင့် ထူးခြားသော သွင်ပြင်လက္ခဏာကို ဖော်ပြသည်။ သဘာဝ အရင်းအမြစ် များသည် ပတ် ဝန်းကျင် မှ ဆင်းသက်လာသည်။ ၎င်းတို့အနက်မှ များစွာသည် ကျွနု်ပ်တို့၏ဆက်လက်ရှင်သန်မှုအတွက်အရေးပါပြီးအချို့မှာကျွနု်ပ်တို့၏လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် အသုံးပြု ခြင်းခံရသည်။ သဘာဝ အရင်းအမြစ်များကို ထပမံ၍ကွဲပြားခြားနားသော နည်းမျိုးစုံဖြင့် အမျိုးအစား ခွဲခြားနိုင်သည်။

မာကျူဆက်(စ်) ကျွန်းများ၊ Fatu-Hiva (ဖတူ-ဟိုက်ဗာ) ပေါ်ရှိ မိုးသစ်တော သည် နှောင့်ယှက်ဖျက်ဆီးခြင်း မခံရသော သဘာဝ အရင်းအမြစ် ဥပမာတစ်ရပ် ဖြစ်သည်။
အာဂျင်တီးနား ၏ ဆန်တာခရု(စ်) ခရိုင် အတွင်းရှိ အပ်ဆာလာ ရေခဲမြစ် သည် သဘာဝ အရင်းအမြစ် ဥပမာတစ်ခု ဖြစ်သည်။
သမုဒ္ဒရာ သည် သဘာဝ အရင်းအမြစ် ဥပမာတစ်ခု ဖြစ်သည်။

အမျိုးအစား ခွဲခြားခြင်း

ပြင်ဆင်ရန်

မူရင်း ဇာစ်မြစ် ပေါ်တွင် အခြေခံ၍၊ အရင်းအမြစ်များကို ခွဲခြားနိုင်သည် -

  • ဇီဝသက်ရှိ နှင့်ဆိုင်သော - ဇီဝသက်ရှိ နှင့်ဆိုင်သော အရင်းအမြစ်များမှာ သစ်တော များ နှင့် ၎င်းတို့၏ ထုတ်ကုန်များ၊ တိရစ္ဆာန်များ၊ ငှက်များ နှင့် ၎င်းတို့၏ ထုတ်ကုန် များ၊ ငါး နှင့် အခြား ရေ သတ္တဝါများ ကဲ့သို့သော ဇီဝဝန်းကျင် မှ ရရှိသည်။ ဓာတ် သတ္တု လောင်စာများ ဖြစ်သည့် ကျောက်မီးသွေး နှင့် ရေနံ တို့သည် ဤ အမျိုးအစား တွင် ပါဝငခြင်းမှာ ၎င်းတို့သည် ဆွေးမြေ့နေသော ဇီဝအခြေခံ အရာများမှ ဖြစ်ပေါ်လာ ခြင်းကြောင့် ဖြစ်သည်။
  • ဇီဝသက်ရှိ နှင့်မဆိုင်သော - ဇီဝသက်ရှိ နှင့် မသက်ဆိုင်သော အရင်းအမြစ်များတွင် သက်ရှိ မဟုတ်သော အရာများပါဝင်သည်။ ဥပမာများမှာ မြေကြီး၊ ရေ၊ လေ နှင့် ရွှေသံကြေးနီငွေ အစရှိသော သတ္ထုရိုင်း တို့ ဖြစ်သည်။

၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် သဘာဝ အရင်းအမြစ်များကို အောက်ပါနည်းလမ်းများသို့ ရည်ညွှန်းနိုင်သည်-

  • အလားအလာရှိသော အရင်းအမြစ်များ - အလားအလာရှိသော အရင်းအမြစ်များမှာ နယ်မြေဒေသ တစ်ခုအတွင်းတွင် တည်ရှိပြီး အနာဂတ်တွင် အသုံးပြုကောင်း ပြုနိုင် မည်။ ဥပမာ- ရေနံ သည် အိန္ဒိယနိုင်ငံ၏ နေရာအတော်များများတွင် တည်ရှိနေပြီး အနည်ကျ ကျောက်များဖြစ်သော်လည်း ၎င်းကို အမှန်တကယ် တူးယူပြီး အသုံးပြု သည့် အချိန်တိုင်အောင် အလားအလာရှိသော အရင်းအမြစ်တစ်ခု အဖြစ် ဆက်လက် တည်ရှိ နေသည်။
  • အမှန်တကယ်ဖြစ်သော အရင်းအမြစ်များ သည် ၎င်းတို့၏ ပမာဏနှင့် အရည်အသွေး တို့သည် ကြည့်ရှုစစ်ဆေးပြီးဖြစ်ကာ လက်ရှိအချိန်တွင် အသုံးပြုရန် ဆုံးဖြတ်ပြီးဖြစ် သည်။ အမှန်တကယ်ဖြစ်သော အရင်းအမြစ် တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်သည့် သစ်သားကို နည်းစနစ်တစ်ရပ်ဖြင့် ထုတ်လုပ်၊ စီမံ၊ ပြုပြင်ခြင်း သည် ရရှိနိုင်သော နည်းပညာနှင့် ကုန်ကျစရိတ်ပေါ်တွင် မူတည်သည်။ ရရှိနိုင်သော နည်းပညာဖြင့် အကျိုးအမြတ်ရရန် တိုးတက်မှုကို ဆောင်ရွက်နိုင်သည့် အမှန်တကယ်ဖြစ်သော အရင်းအမြစ်၏ ထိုအစိတ်အပိုင်းကို အရန် ဟု ခေါ်သည်။ ဖွံ့ဖြိုးတိုးတက်မှု အနေအထားပေါ်တွင် အခြေခံ၍ ၎င်းတို့ကို အလားအလာရှိသော အရင်း အမြစ်များ၊ ဖွံ့ဖြိုးတိုးတက်ပြီးသော အရင်းအမြစ်များ၊ သိုလှောင်ထားခြင်း နှင့် အရန်များ ဟူ၍ အမျိုးအစား ခွဲခြားနိုင်သည်။ ပြန်လည်၍ အသစ်ဖြစ်ပွားနိုင်မှုအရ၊ သဘာဝ အရင်းအမြစ်များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည် -
  • အသစ်တစ်ဖန်ပြန်ဖြစ်နိုင်သည့် အရင်းအမြစ်များ သည် အလွယ်တကူ ဖြည့်တင်းနိုင်သော သို့မဟုတ် ပြန် လည်ထုတ်လုပ်နိုင်သော အရာများဖြစ်သည်။ ၎င်းတို့အနက်မှ အချို့ဖြစ်သော နေ ရောင်ခြည်၊ လေထု၊ တိုက်ခတ်သောလေ အစရှိသည်တို့သည် အမြဲမပြတ် ရနိုင်ပြီး ၎င်းတို့၏ ပမာဏမှာ လူတို့အသုံးပြုခြင်းကြောင့် ထိခို်က်ခြင်းမရှိနိုင်ပါ။ မြောက်မြားစွာသော အသစ်တစ်ဖန်ပြန်ဖြစ်နိုင်သည့် အရင်းအမြစ်များမှာ လူတို့အသုံးပြုခြင်းကြောင့် ကုန်ဆုံးသွားနိုင်သော်လည်း ဖြည့်တင်းနိုင်မှု ရှိခြင်းကြောင့်လည်း စီးဆင်းမှုတစ်ခုကို ထိန်းသိမ်းထားသည်။ စိုက်ပျိုး ရေး ဆိုင်ရာ ကောက်ပဲသီးနှံများကဲ့သို့သော အချို့မှာ ပြန်လည်၍ အသစ်ဖြစ်ရန် အချိန် အနည်းငယ်သာယူသည်။ ရေကဲ့သို့သော အချို့မှာ နှိုင်းယှဉ်ကြည့်လျှင် ပို၍ အချိန်ယူ ပြီး သစ်တောကဲ့သို့သော အချို့အရာများမှာ ပို၍ ရှည်ကြာသော အချိန်ကိုယူကြသည်။
  • အသစ်တစ်ဖန်ပြန်မဖြစ်နိုင်သည့် အရင်းအမြစ်များ သည် အလွန်ရှည်လျားသော ဘူမိဗေဒ ဆိုင် ရာ ကာလအပိုင်းအခြားများ အတွင်းတွင် ဖြစ်ပေါ်သည်။ ဓာတ်သတ္ထုများနှင့် ရှေး ရုပ် ကြွင်းလောင်စာများသည် ဤအမျိုးအစားတွင် ပါဝင်သည်။ ၎င်းတို့ဖြစ်တည်မှု နှုန်း သည် အလွန်နှေးသောကြောင့် ၎င်းတို့ ကုန်ခန်းသွားသည်နှင့် တစ်ပြိုင်နက် ပြန်လည်ဖြည့်တင်း ခြင်း မဖြစ်နိုင်ပါ။ ၎င်းတို့အနက် သတ္ထုဓာတ်ပါသော တွင်းထွက်ပစ္စည်းများကို ပြန်လည် အသုံးပြုနိုင်သည်။[1] သို့သော် ကျောက်မီးသွေး နှင့် ရေနံကို ပြန်လည်၍ အသစ်စီမံပြု လုပ်ခြင်း မပြုနိုင်ပါ။

ဥပမာများ

ပြင်ဆင်ရန်
 
ဘယ်(လ်)ဂျီယံ ပင်လယ်ကမ်းခြေ မလှမ်းမကမ်း ၂၈ ကီလိုမီတာ တွင်ရှိသော လေရဟတ် ပေါသော အရပ် တွင် သဘာဝအရင်းအမြစ်ဖြစ်သည့် လေစွမ်းအင်ကို အသုံးပြုသော ၅ မဂ္ဂါဝပ် ထုတ်လုပ်သည့် လေတာဘိုင်များ။

သဘာဝ အရင်းအမြစ်များ၏ အချို့သော ဥပမာများတွင် အောက်ပါတို့ ပါဝင်သည်-

  • စိုက်ပျိုးရေး—သီးနှံစိုက်ပျိုးရေးပညာ သည် အစားအစာ၊ လောင်စာ၊ တိရစ္ဆာန်အစာ နှင့် အမျှင်တို့အတွက် အပင်တို့ကို အသုံးပြုခြင်း၏ သိပ္ပံနှင့် နည်းပညာ ဖြစ်သည်။
  • လေထု၊ တိုက်ခတ်သောလေ နှင့် ကမ္ဘာ့လေထု
  • သစ်ပင်များ
  • တိရစ္ဆာန်များ
  • ကျောက်မီးသွေး၊ ရှေးရုပ်ကြွင်းလောင်စာများ၊ ကျောက် နှင့် တွင်းထွက် အရင်းအမြစ်များ
  • သစ်တောလုပ်ငန်း
  • မွေးမြူထားသော တိရစ္ဆာန်များ လွှတ်ထားနိုင်ရန် ကျယ်ဝန်းသော စားကျက်မြေ နှင့် စားကျက်
  • မြေများ
  • ရေ၊ သမုဒ္ဒရာများ၊ရေကန်များ၊ မြေအောက်ရေ နှင့် မြစ်များ

သဘာဝ အရင်းအမြစ် စီမံအုပ်ချုပ်မှု

ပြင်ဆင်ရန်

သဘာဝ အရင်းအမြစ် စီမံအုပ်ချုပ်မှု ဆိုသည်မှာ ယခုလက်ရှိနှင့် အနာဂတ် မျိုးဆက်များ နှစ်ခု စလုံး၏ ဘဝအရည်အသွေးကို စီမံအုပ်ချုပ်မှုသည် မည်သို့ သက်ရောက်မှုရှိသည် ဆိုသော အထူး အာရုံစိုက်မှုတစ်ခုနှင့်အတူ ကုန်းမြေ၊ ရေ၊ မြေကြီး၊ သစ်ပင်များ နှင့် တိရစ္ဆာန်များ ကဲ့သို့သော သဘာဝအရင်းအမြစ် စီမံအုပ်ချုပ်မှုသည် ကမ္ဘာအနှံ့ရှိ ကုန်းမြေ စီမံအုပ်ချုပ်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှုအတွက် အခြေခံတစ်ရပ်ဖြစ်စေသော အခြေခံသဘောတရား ဖြစ်သည့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အယူအဆနှင့် ဆက်စပ်မှုရှိသည်။ မြို့ပြစီမံကိန်း နှင့် ကျယ်ပြန့်သော သဘောတရားဖြစ်သည့် သဘာဝ ပတ်ဝန်းကျင် စီမံအုပ် ချုပ်မှု တို့ကို အလေးထားသော မူဝါဒကို ဆန့်ကျင်လျက်၊ သဘာဝအရင်းအမြစ် စီမံ အုပ်ချုပ် မှုသည် အရင်းအမြစ်များနှင့် ဂေဟ ဗေဒ အပေါ်တွင် သိပ္ပံနည်းကျနှင့် နည်းပညာ ပိုင်း ဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် ထိုအရင်းအမြစ်များ၏ ဘဝ အထောက်အကူ ပြုနိုင်သော အစွမ်း ကို အထူးသဖြင့် အာရုံစိုက်သည်။

ကုန်ခန်းခြင်း

ပြင်ဆင်ရန်

မကြာသေးမီနှစ်များက သဘာဝ အရင်းအမြစ်များ လျော့နည်းကုန်ခန်းကာ ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှု သို့ ရွှေ့ပြောင်းရန် ကြိုးစားခြင်းများသည် ဖွံ့ဖြိုးရေး အေဂျင်စီများ၏ အဓိက အာရုံစိုက်ခြင်းတစ်ခုဖြစ်လာခဲ့သည်။ ဤအရာသည် ကမ္ဘာမြေကြီး၏ သဘာဝ ဇီဝမျိုးကွဲ အများစု၊အစားထိုးမရနိုင်သော မျိုးရိုးဗီဇဆိုင်ရာ သဘာဝ အရင်းအနှီး ကို သယ်ဆောင်ထား သော မိုးသစ်တော နယ်မြေများတွင် အထူးအလေးထားစရာ ဖြစ်သည်။ သဘာဝ အရင်း အမြစ် များကို ထိန်းသိမ်းခြင်း သည် သဘာဝ အရင်းရှင်ဝါဒ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒ၊ ဂေဟ ဗေဒ လှုပ်ရှားမှု နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို ဦးတည်သော နိုင်ငံရေး တို့၏ အဓိက အာရုံစိုက်မှုဖြစ်သည်။ ထိုကုန်ခန်းသွားခြင်းကို ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လူမှုရေး မငြိမ် သက်မှုနှင့် ပဋိပက္ခများ၏ အဓိက အရင်းအမြစ်အဖြစ် အချို့က မြင်ကြသည်။

သတ္တုတူးဖော်ခြင်း၊ ရေနံ ထုတ်ယူခြင်း၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်း နှင့် သစ်တောလုပ်ငန်း သည် ယေဘုယျအားဖြင့် သဘာဝ အရင်းအမြစ်လုပ်ငန်းများအဖြစ် ထင်မြင်ယူဆကြသည်။ စိုက်ပျိုးရေး ကို လူတို့ပြုလုပ်သော အရင်းအမြစ်အဖြစ် ထင်မြင်ယူဆကြသည်။ လူသိများသော သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူနှင့် အမေရိကန် သမ္မတဟောင်း တစ်ဦးလည်း ဖြစ် သော သီအိုဒို ရုစဗဲ့ သည် စည်းမဲ့ကမ်းမဲ့ သဘာဝ အရင်းအမြစ်များကို ထုတ်ယူခြင်း အားဆန့် ကျင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဘူမိဗေဒ ဆိုင်ရာ စစ်တမ်း သည် ထိုအသုံးအနှုန်းကို "နိုင်ငံ၏ သဘာဝအရင်းအမြစ်များတွင် ၎င်း၏ တွင်းထွက်များ၊ စွမ်းအင်၊ ကုန်းမြေ၊ ရေ နှင့် ဇီဝ သက်ရှိများ ပါဝငသည်" ဟု အနက်ဖွင့် ဆိုသည်။

ကာကွယ်ခြင်း

ပြင်ဆင်ရန်

သဘာဝ ပတ်ဝန်းကျင် ကာကွယ်ခြင်း ကို လည်းကြည့်ပါ - သဘာဝ အရင်းအမြစ်များကို ထိန်းသိမ်းခြင်းသည် အခြေခံ ပြဿနာ ဖြစ်သည်။ အကယ်၍ ကျွနု်ပ်တို့ ထို ပြဿနာကို မဖြေရှင်းပါက၊ အခြားအရာအားလုံးကို ဖြေရှင်းရန် ၎င်းသည် ကျွနု်ပ်တို့အား စိုးစဉ်းမျှ အသုံးချ လိမ့်မည် မဟုတ်ပါ။

သီအိုဒို ရုစဗဲ့

ဇီဝဗေဒကို ထိန်းသိမ်းခြင်း သည် မျိုးစိတ်များ၊ ၎င်းတို့၏ ပေါက်ဖွားရာ နေရာများ နှင့် ဂေဟ စနစ်များကို အလွန်အမင်း ဖြစ်ပွားသော နှုန်းများဖြင့် မျိုးသုဉ်းခြင်း မှ ကာကွယ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် သဘာဝတရား နှင့် ကမ္ဘာမြေကြီး၏ ဇီဝမျိုးကွဲများ၏ အနေအထားကို သိပ္ပံ နည်းကျ လေ့လာခြင်းဖြစ်သည်။ ၎င်းသည် သိပ္ပံပညာရပ်များ၊ စီးပွားရေးနှင့် သဘာဝ အရင်းအမြစ် စီမံအုပ်ချုပ်မှု ထုံးတမ်းများ အပေါ်တွင် ရေးဆွဲထားသော ပညာရပ်နယ်ပယ် များ စွာပါဝင်သည့်ဘာသာရပ်တစ်ခုဖြစ်သည်။ ဇီဝဗေဒကိုထိန်းသိမ်းခြင်းဟူသောအသုံးအနှုန်းကိုဇီဝဗေဒပညာရှင်များ ဖြစ် သော Bruce Wilcox (ဘရုစ်ဝေးကွစ်(စ်)) နှင့် Michael Soulé (မိုက်ကယ် ဆိုး(လ်)လီး) မှ ၁၉၇၈ ခုနှစ် တွင် စီစဉ်ခဲ့သည့် ကယ်လီဖိုးနီး ယားပြည်နယ် La Jolla (လာဂျို လာ) ဆန်ဒီရေဂို ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ် တွင် ကျင်းပခဲ့သော ညီလာခံ၏ ခေါင်းစဉ်အဖြစ် စတင် မိတ်ဆက်ခဲ့သည်။ ပေါက်ဖွားရာ နေရာများကို ထိန်းသိမ်းခြင်း သည် မြေ စီမံအုပ်ချုပ်မှု ဓလေ့ထုံးစံ ဖြစ်ပြီး ၎င်း သည် အလေ့ကျပေါက်သော အပင်များ နှင့် တောရိုင်း တိရစ္ဆာန်များ အတွက် ပေါက်ဖွားရာ နေရာ ဒေသများကို ထိန်းသိမ်းရန်၊ ကာကွယ်ရန် နှင့် ပြန်လည်ထိန်းသိမ်းရန် ရှာဖွေပြီး အထူးသဖြင့် ထိန်းသိမ်းခြင်းကို အားထားသော မျိုးစိတ်များ ဖြစ်ကာ ၎င်းတို့ မျိုးသုဉ်းခြင်း၊ တစ်စစီ ကွဲခြင်း သို့မဟုတ် အပိုင်းအခြားအတွင်းတွင် လျော့ကျခြင်းကို တားဆီးရန် ဖြစ်သည်။

အောက်ပါတို့ကိုလဲကြည့်ပါ

  • ဂေဟာ ဗေဒအစဦး
  • သဘာဝပတ်ဝန်းကျင် အစဦး
  • ရေရှည်တည့်တံ့သော ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်
  • ကမ္ဘာမြေ သိပ္ပံပညာရပ်များ အစဦး
  1. ဇီဝ အလားအလာ
  2. ဂေဟ ဗေဒ
  3. ဘူမိဗေဒဆိုင်ရာ ကံတရားများ
  4. အမျိုးသား ဥယျာဉ်များ
  5. သဘာဝ ပတ်ဝန်းကျင်
  6. သဘာဝအရင်းအနှီး
  7. သဘာဝ ရှုခင်း
  8. သဘာဝထိန်းသိမ်းရေးအဖွဲ့
  9. မိုးသစ်တော ဆိုင်ရာ အရေးယူဆောင်ရွက်မှု ကွန်ရက်
  10. အသစ်တစ်ဖန်ပြန်ဖြစ်နိုင်သည့်အရင်းအမြစ်
  11. ဆီးရာ အသင်း
  12. ရေရှည် တည်တံ့မှု
  13. ရေရှည် တည်တံ့သော စိုက်ပျိုးရေး
  14. ကမ္ဘာ့စွမ်းအင် အရင်းအမြစ်များနှင့် အသုံးပြုခြင်း



ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်