သမဏသုတ်
သမဏသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားခုနစ်မျိုးတို့ ငြိမ်းသည်၏ အဖြစ်ကြောင့် သမဏမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၁]
ဘိက္ခုသုတ်
ပြင်ဆင်ရန်ရဟန်းတို့ တရားခုနစ်မျိုးတို့ ငြိမ်းသည်၏ အဖြစ်ကြောင့် သမဏ မည်၏။ အဘယ်ခုနစ်မျိုးနည်း ဟူမူ -[၁]
- ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ သည် ငြိမ်းပြီး ဖြစ်၏။
- မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည် ငြိမ်းပြီး ဖြစ်၏။
- ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” သည် ငြိမ်းပြီး ဖြစ်၏။
- စွဲမက်မှု ‘ရာဂ’ သည် ငြိမ်းပြီး ဖြစ်၏။
- အမျက်ထွက်မှု ‘ဒေါသ’ သည် ငြိမ်းပြီး ဖြစ်၏။
- တွေဝေမှု ‘မောဟ’ သည် ငြိမ်းပြီး ဖြစ်၏။
- ထောင်လွှာမှု ‘မာန’ သည် ငြိမ်းပြီး ဖြစ်၏။[၁]
ရဟန်းတို့ ဤတရားခုနစ်မျိုးတို့ ငြိမ်သည်၏ အဖြစ်ကြောင့် သမဏမည်၏ ဟု(မိန့်တော်မူ၏)။[၁]