သမသူပကဘုဉ္ဇနသိက္ခာပုဒ်
သမသူပကဘုဉ္ဇနသိက္ခာပုဒ် (သက္ကစ္စဝဂ်)
ပဲဟင်းကို များစွာစားခြင်း
ပြင်ဆင်ရန်ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဆွမ်းစားသောအခါ ပဲဟင်းကိုချည်း များစွာစားကြကုန်၏။ (ရှေးခေတ်က ပဲဟင်းသည် မပါလျှင် မပြီးသလောက် အသုံးများ၍ အများကြိုက်ဟင်း ဖြစ်ခဲ့ဟန်တူ၏၊ ထို့ကြောင့်) ပဲဟင်းကို အတိုင်းထက် အလွန် စားသော ဆဗ္ဗဂ္ဂီရဟန်းများကို လူတို့ ကဲ့ရဲ့ကြသောကြောင့်—[၁]
“သမသူပကံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
ပြင်ဆင်ရန်“(မပြစ်မကျဲ-လက်ဖြင့် ကော်ယူ၍ ရလောက်သော) ပဲဟင်းကို ဆွမ်း၏ ၄-ပုံ တပုံလောက်သာ စားအံ့”ဟု အလေ့ အကျင့်ကို ပြုရမည်၊ ဤသိက္ခာပုဒ်၌လည်း သမသူပက သိက္ခာပုဒ်၌ကဲ့သို့ ဉာတိဖြစ်သူ နဂိုက ဖိတ်မန်ထားသူတို့၏ ဆွမ်းကို စားရာ၌၎င်း မိမိပိုင် ပဲဟင်းကို စားရာ၌၎င်း, ဆွမ်း၏ ၄-ပုံ တပုံထက် များစွာ စားသော်လည်း အနာပတ္တိ၊ လူများက ကျွေးသောဆွမ်းကို စားရာ၌သာ ဆွမ်း၏ ၄-ပုံ တပုံထက် ပို၍စားလျှင် အာပတ်သင့်သည်။ [ “အနာပတ္တိ-ဉာတကာနံ ပဝါရိတာနံ အတ္တနော ဓနေန စသည်-ပါဠိတော်။]
ကိုးကား
ပြင်ဆင်ရန်- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။