သမာပတ်
ခပ်သိမ်းသော ဖလဋ္ဌန်ပုဂ္ဂိုလ်တို့သည် မိမိတို့၏ ဖိုလ်ကို မိမိတို့အသီးသီး ဝင်စားနိုင်ကြကုန်၏။ မဝင်စားနိုင်သူဟူ၍ မရှိကြကုန်။ ထို့ကြောင့် ဖလသမာပတ်မည်သည် ခပ်သိမ်းသော ဖလဋ္ဌန်ပုဂ္ဂိုလ်တို့နှင့်ဆက်ဆံ၏။[၁]
ဒိဋ္ဌဓမ္မနိဗ္ဗာန်
ပြင်ဆင်ရန်ဒိဋ္ဌဓမ္မနိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသမာပတ်သည်မူကား လောကီဈာန်သမာပတ် ၈-ပါး၊ ၉-ပါးကို အကုန်ရရှိ၍နေသော ကာမရူပအနာဂါမ်၊ ရဟန္တာတို့သည်သာလျှင် ဝင်စားနိုင်ကုန်၏။ [၂]
ဝင်စားခြင်း
ပြင်ဆင်ရန်ရူပ ပထမဈာန် သမာပတ်ကို ရှေးဦးစွာ ဝင်စား၏။ ထိုမှမြင့်၍ ထိုပထမဈာန်သမာပတ် အတွင်း၌ရှိသော ရုပ်နာမ်တရားတို့ကို လက္ခဏာရေးတင်ရှု၏။ ဈာန်ဝင်စားမှုကား သမထအလုပ်ဖြစ်သည်။ လက္ခဏာရေးတင်မှုသည် ဝိပဿနာအလုပ် ဖြစ်သည်။[၃]
ဤနည်းတူ ဒုတိယဈာန်သမာပတ်၊ တတိယဈာန်သမာပတ်၊ စတုတ္ထဈာန်သမာပတ်၊ ပဉ္စမဈာန်သမာပတ်၊ အာကာသာနဉ္စာယတနသမာပတ်၊ ဝိညာဏဉ္စသမာပတ်၊ အာကိဉ္စညာယတနသမာပတ်တို့ကိုလည်း အစဉ်အတိုင်း ဝင်စား၍သွား၏။ အာကိဉ္စညာယတနသမာပတ်ထပြီးသည်၏ အခြားမဲ့၌ ပုဗ္ဗကိစ္စ ၄-ပါးကို ပြုပြီးလျှင် နေဝသညာနာသညာယတနသမာပတ်ကို ဝင်စား၏။ အနာဂါမ်ပုဂ္ဂိုလ်ကား နေဝသညာကုသိုလ်ဇော ၂-ကြိမ်၊ ရဟန္တာပုဂ္ဂိုလ်ကား နေဝသညာကြိယာဇော ၂-ကြိမ် ကျပြီးလျှင် စိတ်အစဉ် ချုပ်ပြတ်ခြင်းဟူသော နိရောဓသမာပတ်သို့ ရောက်လေ၏။ စိတ်မရှိဘဲ ၇-ရက်, ၆-ရက် စသည် တည်နေပြီးနောက် ထိုသမာပတ်မှ ထလိုသော် ရှေးဦးစွာ အနာဂါမ်ပုဂ္ဂိုလ်ကား အနာဂါမိဖိုလ်၊ ရဟန္တာပုဂ္ဂိုလ်ကား အရဟတ္တဖိုလ် တစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။[၄]