သမိန်ဗြာဇ္ဇ သည် မွန်မင်း ရာဇာဓိရာဇ်လက်အောက်တွင် အမှုထမ်းသူ ဖြစ်သည်။ ယခင်ဘွဲ့မှာ သမိန်သံဗြတ် ဖြစ်သည်။ နောက် မုတ္တမနှင့် မော်လမြိုင် ကို သိမ်းရာတွင် အမတ်ဒိန်နှင့် သမန်သံဗြတ်တို့ အလုပ်အကြံကောင်း၍ သာလွန်အင်းအားဖြင့် ရန်သူကို နိုင်သည်။ သို့ဖြင့် သမိန်ဗြာဇ္ဇဟူသော ဘွဲ့ကို ပေးသည်။ ဒုံဝန်းမြို့ကိုလည်း စားရသည်။ [၁] နောက် မြောင်းမြကို စားရသည်။

တတိယအကြိမ် မင်းခေါင်က မွန်ပြည်သို့ စစ်ချီလာစဉ်တွင် ရိက္ခာဖြတ်တောက်ကာ အဝတပ်အား ချည့်နဲ့စေသည်။ နောက် အဝတပ် ပြန်ဆုတ်သည်တွင် လိုက်စစ်ဆင်ရာ ပဲခူး၌ လက်ရသုံ့ပန်း အများရသည်။ မိဖုရားများပင် ရ၏။ [၂]

ဘဝနိဂုံး ပြင်ဆင်ရန်

မင်းရဲကျော်စွာနှင့် လဂွန်းအိန်တို့ လှေစီးချင်းမထိုးမီ နာမကျန်းဖြစ်ကာ မြောင်းမြ၌ပင် လွန်သည်။

ကိုးကား ပြင်ဆင်ရန်

  1. နိုင်ပန်းလှ။ "ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း"၊ အဋ္ဌမအကြိမ်။
  2. "မှန်နန်းမဟာရာဇဝင်ကြီး"၊ ဒုတိယတွဲ။ ၁၉၉၂။