သမီးဝှက်ဥမင်နှင့် မြားဥမင်

(သမီးဝှက်ဥမင်နှင့် မြားသဂူ မှ ပြန်ညွှန်းထားသည်)

သမီးဝှက်ဥမင်နှင့် မြားဥမင် သည် ပုဂံ၊ ညောင်ဦးမြို့၏ အရှေ့တောင်ယွန်းယွန်းတွင် ရှိ၏။ ငှက်ပစ်တောင် မှ အရှေ့မြောက်ယွန်းယွန်းတွင် တည်ရှိ၏။ အမည်သည် နှောင်းလူတို့က ပျူစောထီးမင်း၏ အဓိပ္ပာယ်ကို မှီကာ ခေါ်ဝေါ်ထားဟန် တူသည်။

ပျူစောထီးမင်းနှင့် ဆက်စပ်နေသည့် ဒေသတစ်ဝိုက်တို့တွင် ရဟန်းများ တရားထိုင်အားထုတ်နိုင်စေရန် ရှေးအခါကပင် ဥမင်များ ဖောက်လုပ်ခဲ့သည်။ သမီးဝှက်ဥမင်အတွင်း (၁၅) ရာစုခေတ်က ရေးထိုးထားသည့် ကျောက်စာတစ်ခု ရှိ၏။ ထိုကျောက်စာအရ ထိုခေတ်အခါက ဝံပဲကျဥမင် (ဝမ်းဘဲကျဥမင်) ဟု ခေါ်ဆိုခဲ့ကြောင်း သိရသည်။(ထိုဥမင်တို့ကို ၁၃ ရာစုကတည်းက တည်ဆောက်ခဲ့သည်ဟု လည်း ဆိုကြသည်။)[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဦးကျော်အောင်။ ပုဂံစေတီပုထိုးများ။ အမှတ် (၇၈)၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်: ဦးဘသောင်း (ဒုညွှန်မှူး)၊ တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာန။CS1 maint: location (link)