သမ္ဗောဓိစေတီတော်

သီရိလင်္ကာနိုင်ငံရှိ ​စေတီ​​တော်

သမ္ဗောဓိစေတီတော် သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ကွန်ကရစ်အားဖြည့်တည်ဆောက်ထားသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သည် ကိုလံဘိုဆိပ်ကမ်းတွင် တည်ရှိသည်။[၁]

သမ္ဗောဓိစေတီတော်
သမ္ဗောဓိစေတီတော် သည် Central Colombo တွင် တည်ရှိသည်
သမ္ဗောဓိစေတီတော်
ကိုလံဘိုမြို့လယ်တွင် တည်ရှိနေသည့် စေတီတော်
အချက်အလက်များ
တည်နေရာFort, Colombo
ကိုဩဒိနိတ်06°56′18″N 79°50′31″E / 6.93833°N 79.84194°E / 6.93833; 79.84194ကိုဩဒိနိတ်: 06°56′18″N 79°50′31″E / 6.93833°N 79.84194°E / 6.93833; 79.84194
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
နိုင်ငံသီရိလင်္ကာ

စေတီတော်ကို ထင်ရှားသည့် သီရိလင်္ကာနိုင်ငံသား အင်ဂျင်နီယာတစ်ဦးဖြစ်သည့် A. N. S. Kulasinghe က ဒီဇိုင်းဆွဲခဲ့သည်။ တည်ဆောက်မှုများကို ၁၉၅၆ ခုနှစ်တွင် စတင်ခဲ့သည်။ စေတီတော်ကို ကိုလံဘိုဆိပ်ကမ်းကော်မရှင်နှင့် ကိုလံဘိုဆိပ်ကမ်းအာဏာပိုင်တို့မှ Sambuddhatva jayanthi ကို ရည်စူးကား အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အပြန်အလှန်ချိတ်ဆက်ကာ တည်ရှိသည့် ပေါင်းကူးများပေါ်တွင် စေတီတော်အောက်ခံ တည်ရှိသည်။ ၎င်းအပေါ်တွင် စေတီတော်သည် တည်ရှိသည်။ စေတီတော်၏ တည်နေပုံမှာ ကိုလံဘိုဆိပ်ကမ်းသို့ အဝင်ပေါက်အပေါ်တွင် တည်ရှိနေသည်။ ထိုဆိပ်ကမ်းသို့ အဓိကသွားရာလမ်းမကြီးကို စေတီတော်တည်ဆောက်ပြီးကတည်းက စေတီတော်လမ်းမဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ စေတီတော်အပေါ်သို့ လမ်းလျှောက်တက်ရာနေရာသည် လှေကားထစ် ၁၂၃ ထစ် ရှိသည်။[၂]

ကိုလံဘိုဆိပ်ကမ်းမြို့တည်ဆောက်နေမှုမြင်ကွင်းကို စေတီတော်ပေါ်မှနေ၍ မြင်ရပုံ

ကိုးကား ပြင်ဆင်ရန်

  1. Hidden Wonders On Chaitya Road Archived 2012-06-06 at the Wayback Machine.
  2. Deshabandu Dr. A.N.S. Kulasinghe။ 12 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 May 2021 တွင် ပြန်စစ်ပြီး။