သမ္ဘာရ ဒြပ်စင်
သမ္ဘာရဒြပ်စင် သို့မဟုတ် လူတို့ပြုလုပ်သော ဒြပ်စင် (Synthetic element) ဆိုသည်မှာ လူတို့ပြုလုပ်သော သို့မဟုတ် ဒြပ်ပေါင်းများမှ ပေါ်ထွက်လာသော ဒြပ်စင်တစ်မျိုးဖြစ်ပြီး သဘာဝတွင်တွေ့ရှိရန် မဖြစ်နိုင်ပါ။ သမ္ဘာရ ဒြပ်စင်များသည် ကမ္ဘာမြေပေါ်တွင် သဘာဝအတိုင်းမဖြစ်ပေါ်မတွေ့ရှိနိုင်ဘဲ နျူးကလီးယား ရီအက်တာတစ်အခုအတွင်း၌ အခြေခံအမှုန်များအား လူသားတို့ကျွမ်းကျင်စွာကိုင်တွယ်ခြယ်လှယ်ခြင်းမှ သို့တည်းမဟုတ် အဏုမြူဗုံးတစ်လုံး ပေါက်ကွဲမှုများမှ ဖြစ်ပေါ်လာသည့် ဓာတုဗေဒဒြပ်စင် ၂၄ ခုအတွင်းမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းဒြပ်စင်အား "Synthetic" "Artificial" or "Man mande" "လူတို့ ပြုလုပ်သော" ဒြပ်စင်ဟု ခေါ်ဆိုကြသည်။ သမ္ဘာရဒြပ်စင်များသည် အက်တမ်အမှတ်စဉ် ၉၅-၁၁၈ ရှိသည့် ဒြပ်စင်များဖြစ်ပြီး ဘေးရှိ ဒြပ်စင်အလှည့်ကျဇယားအတွင်တွင် ခရမ်းရောင်ဖြင့်ဖော်ပြပေးထားပြီး ၎င်းဒြပ်စင် ၂၄ ခုအား ၁၉၄၄ -၂၀၁၀ အတွင်း ပထမအကြိမ်အဖြစ် ဖန်တီးခဲ့ကြသည်။ အက်တမ်အမှတ်စဉ် ၉၅အောက်ရှိသော ဒြပ်စင်တစ်ခု၏ နျူးကလိယက်အပေါ်ရှိ အဖိုမှုန်(ပရိုတွန်)အား အဓမ္မထပ်မံပေါင်းထည့်ခြင်း နည်းဖြင့် သမ္ဘာရဒြပ်စင်တစ်ခုဖြစ်အောင် ပြုလုပ်နိုင်သည်။ သမ္ဘာရဒြပ်စင်အားလုံးသည် မတည်ငြိမ်သော်လည်း ပျက်စီးယိုးယွင်းချိန် ကွဲပြားမှုနှုန်းသည်ကား ကျယ်ပြောများပြားလွန်းလှသည်။ ယင်းတို့၏ သက်တမ်းဝက်များမှ နှစ်သန်းပေါင်း ၁၅.၆ သန်းခန့်မှသည် မိုက်ခရိုစက္ကန့် ရာဂဏန်းခန့်အတွင်းရှိသည်။
အခြား ဒြပ်စင် ခုနှစ်ခုအား အတုအပပြုလုပ်ဖန်တီးခဲ့ပြီး အစပိုင်းတွင် သမ္ဘာရဒြပ်စင်အဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်သော်လည်း သဘာဝတွင်တည်ရှိနေမှုအား သဲလွန်စရနိုင်သည့် ပမာဏခန့်စွာရှာဖွေတွေ့ရှိခဲ့သည်။ ကနဦးတွင် တက်နန်တီယမ်အား ၁၉၃၇ ခုနှစ်တွင် ဖန်တီးခဲ့ကြသည်။ ၁၉၄၀ခုနှစ်တွင် ယင်းဒြပ်စင်ကဲ့သို့ဖြစ်သည့် အက်တမ်အမှတ်၉၄ရှိသော ပလူတိုနီယမ်အား ဖန်တီးခဲ့ပြန်သည်။ ၎င်းဒြပ်စင်သည် သဘာဝတွင် ဖြစ်သော ပရိုတွန်အရေအတွက်အများဆုံး(အက်တမ်အမှတ်နှင့်ညီမျှပြီး) ရှိသည့် ဒြပ်စင်တစ်မျိုးဖြစ်သည်။ သိုသော် ယင်း၏ အနည်းငယ်မျှသော်ပမာဏက ပြုလုပ်ဖန်တီးရန်ပို၍လက်တွေ့ကျသည်။ ပလူတိုနီယမ်ကိုအနုမြူဗုံးနှင့်နျူကလီးယားဓာတ်ပေါင်းဖိုများတွင်အသုံးပြုခြင်းကြောင့်အလွန်လူသိများသည်။ အက်တမ်အမှတ် ၉၉အထက်ရှိသော မည်သည့်ဒြပ်စင်များကိုမျှ သိပ္ပံစမ်းသပ်မှုမှလွှဲ၍ အပြင်လောကတွင် အသုံးမပြုနိုင်သေးချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အလွန်တိုတောင်းလွန်းသော သက်တမ်းဝက်များက ပမာဏမြောက်မြားစွာထုတ်လုပ်ရန်မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
ဂုဏ်သတ္တိ
ပြင်ဆင်ရန်လွန်ခဲ့သည့် နှစ်ပေါင်း ၄.၆သန်းခန့်ကကမ္ဘာကြီး စတင်ဖွဲ့စည်းချိန်တွင် တည်ရှိခဲ့သော အက်တမ်အမှတ် ၉၄ အထက် အက်တမ်များသည် ကမ္ဘာမြေနှင့်သက်ဆိုင်သည့်ပိုမိုပေါ့ပါးသည့် အက်တမ်များအဖြစ် လျင်မြန်လုံလောက်စွာယိုးယွင်းပျက်စီးသွားခဲ့ပြီး ယင်းတို့အထဲမှမည်သည့်အက်တမ်မျိုးမဆို ကမ္ဘာမြေဖွဲ့စည်းချိန်တွင် တည်ရှိနေနိုင်ပြီး ကာလကြာရှည်လာသည့်အတူ ယိုးယွင်းပျက်စီးသွားခဲ့သည်။ လက်ရှိအချိန်တွင် တည်ရှိနေသော ကမ္ဘာပေါ်ရှိယင်းသမ္ဘာရဒြပ်စင်များသည် အဏုမြူဗုံးပေါက်ကွဲမှု သို့မဟုတ် နျူကလီးယား ရီအက်တာများမှ သို့ အမှုန်အရှိန်မြှင့်စက်များပါဝင်သည့်စမ်းသပ်မှုကဲ့သို့သော နျူကလီးပေါင်းစပ်ခြင်းမှတဆင့် ကျန်ရှိခဲ့သော လက်ကျန်ပစ္စည်းများဖြစ်သည်။
သဘာဝဒြပ်စင်များ၏ အဏုမြူဒြပ်ထုသည် ကမ္ဘာ့အပေါ်ယံအလွှာနှင့် လေထုတွင်းဖြစ်ပွားသော သဘာဝအိုင်ဆိုတုပ်များကြွယ်ဝခြင်း ပျမ်းမျှအလေးချိန်ပေါ်တွင် အခြေခံထားသည်။ သမ္ဘာရဒြပ်စင်များအတွက်ကား အိုင်ဆိုတုပ်သည် ပေါင်းစပ်ခြင်းပေါ်တွင်မူတည်နေသောကြောင့် သဘာဝအိုင်ဆိုတုပ်ကြွယ်ဝခြင်းအမြင်သည် အဓိပ္ပာယ်မသက်ရောက်နိုင်ချေ။ ထို့ကြောင့် သမ္ဘာရဒြပ်စင်များအတွက် နျူကလီရွန်အရေအတွက်စုစုပေါင်းအား အတည်ငြိမ်ဆုံးအိုင်ဆိုတုပ်၏ အဖိုမှုန်နှင့်အမမှုန်များပေါင်းခြင်းပေါ်တွင် တွက်ချက်သည်။ သာဓကအားဖြင့် သက်တမ်းဝက်အရှည်ဆုံးအိုင်ဆိုတုပ် အက်တမ်ဒြပ်ထုအား -ကွင်းခတ်စာရင်းတွင်ထားသည်။
ဤ ဓာတုဗေဒနှင့်ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |