သမ္မာသင်္ကပ္ပ
သမ္မာသင်္ကပ္ပ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သောအကြံအစည်” အဓိပ္ပာယ်ရသည်။[၁]
သမ္မာသင်္ကပ္ပ (၃) ပါး
ပြင်ဆင်ရန်မှန်ကန်သော ကြံစည်မှု သမ္မာသင်္ကပ္ပသည် (၃) မျိုးရှိ၏။ ၎င်းတို့မျာ - (၁) နေက္ခမ္မသင်္ကပ္ပ၊
(၂) အဗျာပါဒသင်္ကပ္ပ၊
(၃) အဝိဟိံသာသင်္ကပ္ပ တို့ ဖြစ်ကြသည်။[၁]
(၁) နေက္ခမ္မသင်္ကပ္ပ
ပြင်ဆင်ရန်နေက္ခမ္မသင်္ကပ္ပဆိုသည်မှာ ကောင်းသောအဆင်း, ကောင်းသောအသံ, ကောင်းသောအနံ့, ကောင်းသောအရသာ, ကောင်းသော အထိအတွေ့မျိုးဟူသော ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌လည်းကောင်း၊ တပ်ခြင်း, တွယ်တာခြင်း, စွဲလမ်းခြင်းကို ပယ်စွန့်နိုင်သော အလောဘတရားသည် ရှိ၏၊ ထိုအလောဘတရားနှင့် ယှဉ်သော အကြံအစည်မျိုးသည် “နေက္ခမ္မသင်္ကပ္ပ” မည်၏။[၁]
(၂) အဗျာပါဒသင်္ကပ္ပ
ပြင်ဆင်ရန်အဗျာပါဒသင်္ကပ္ပဆိုသည်မှာ လူ, တိရစ္ဆာန် အစရှိသော ခပ်သိမ်းသော သတ္တဝါတို့၌ ကောင်းကျိုးချမ်သာကို လိုလားသော မေတ္တာတရားသည် ရှိ၏၊ ထိုမေတ္တာတရားနှင့် ယှဉ်သော အကြံအစည်မျိုးသည် “အဗျာပါဒ သင်္ကပ္ပ” မည်၏။[၁]
(၃) အဝိဟိံသာသင်္ကပ္ပ
ပြင်ဆင်ရန်အဝိဟိံသာသင်္ကပ္ပ ဆိုသည်မှာ ခပ်သိမ်းသော ဒုက္ခိတသတ္တဝါတို့ကို သနားညှာတာတတ်သော ကရုဏာတရားသည် ရှိ၏၊ ထိုကရုဏာတရားနှင့် ယှဉ်သော အကြံအစည်မျိုးသည် “အဝိဟိံသာသင်္ကပ္ပ” မည်၏။[၁]