သမ္မာသမာဓိ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော တည်ကြည်ခြင်း” ဟု အဓိပ္ပာယ်ရသည်။ သမ္မာသမာဓိ(၄) ပါးရှိ၏။ [၁]

သမ္မာသမာဓိ ပြင်ဆင်ရန်

လောက၌ စာပေသင်ကျမ်းဂန်သင်ကြားမှုတွင် သင်ပုန်းကြီးသည် အစအဦး ဖြစ်၏၊ သင်ပုန်းကြီး ကြေလည်မှ အထက်စာကို သင်ကြား၍ ဖြစ်သည်။ ထို့အတူ ဘာဝနာအလုပ်မှာလည်း သတိပဋ္ဌာန်သည် အစအဦး ဖြစ်သည်။ သတိပဋ္ဌာန်အလုပ် နေရာကျ၍ စိတ်ရူးစိတ်နောက်ပျောက်ငြိမ်းမှ အထက်အထက်သော ကမ္မဋ္ဌာန်းဘာဝနာအမှုများကို တည်ကြည်စွာ အားထုတ်နိုင်သည်။ [၁]

ထို့ကြောင့် သတိပဋ္ဌာန်အလုပ် နေရာကျ၍ မိမိကိုယ်ခန္ဓာအစုတို့၌ တစ်နေ့လျှင် ၁နာရီ, ၂နာရီ, ၃ နာရီ စသည်ဖြင့် မိမိစိတ်ကို တည်ငြိမ်စွာထားနိုင်ကြသောအခါ၌ သင်ပုန်းကြီး ကြေလည်ပြီးသောအခါ မင်္ဂလသုတ်, နမက္ကာရ, ပရိတ်ကြီး, သဒ္ဒါ, သင်္ဂြိုဟ် စသည်များကို တက်၍ သင်ကြားရသကဲ့သို့ စိတ္တဝိသုဒ္ဓိဘာဝနာဟု ဆိုအပ်သော သမထဈာန်၄ပါးကိုကို အားထုတ်ရသည်။[၁] ထိုလေးပါးတွင် -

၁။ ပထမဈာန်သမာဓိ ဆိုသည်မှာ ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ ကေသာ လောမ စသောဒွတ္တိံသာကာရတစ်ပါး၊ အာနာပါနတစ်ပါး၊ မေတ္တာ,ကရုဏာ, မုဒိတာဟူသော ဗြဟ္မဝိဟာရ ၃ပါး, ဤ ၂၅ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်ခုခုသော ကမ္မဋ္ဌာန်း၌ ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာ ဘာဝနာတည်းဟူသော ဘာဝနာအစဉ်အားဖြင့် လွန်မင်းစွာ အားထုတ်၍ ရှေးဦးစွာ ရအပ်သော ပဌမဈာန်သမာဓိကို ဆိုသည်။ ယခုကာလ၌ စိတ်ရူးစိတ်နောက် ပျောက်ငြိမ်းရုံမျှ အားထုတ်သော အာနာပါနအလုပ်သည် ပဌမဈာန် သမာဓိအလုပ်၍ အတွင်းဝင်၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၆၉၊ ၇၀။