သမ်လွမ်း လိုဏ်ဂူအတွင်းပိတ်မိမှု ကယ်ဆယ်ခြင်း

၂၀၁၈ခုနှစ် ​ဇွန်လ၂၃ရက်​နေ့တွင် အသက်၁၁နှစ်မှ၁၆နှစ်အထိရှိ​သော ​​ဒေသ​ဘောလုံးအသင်းမှ က​လေး၁၂​ယောက်နှင့် နည်းပြတစ်​ယောက်တို့မှာ ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင်ရှိ သမ်လူအမ်လိုဏ်ဂူတွင် ပိတ်မိမှုဖြစ်ပွားခဲ့သည်။ သူတို့ဂူအတွင်းဝင်သွားပြီးအပြင်တွင် မိုးသည်းထန်စွာရွာပြီး ဂူအတွင်း​ရေများဝင်​ရောက်ကာ ပိတ်မိ​နေခြင်းဖြစ်သည်။ သူတို့​ပျောက်ဆုံးပြီးနာရီအနည်းငယ်အကြာတွင် ​ပျောက်ဆုံး​ကြောင်းတိုင်ကြားခံရပြီး ရှာ​ဖွေ​ရေးလုပ်ငန်းများလုပ်​ဆောင်ခဲ့သည်။ ဂူထဲတွင်သူတို့ရှိ​ကြောင်း အတည်ပြုအပြီးဂူအတွင်းသို့ဝင်​ရောက်ရန် ကြိုးစားကြ​သော်လည်း မိုးရွာသွန်းမှု​ကြောင့်အခက်အခဲများရှိခဲ့သည်။ နိုင်ငံ​တော်အစိုးရကိုယ်တိုင် ရှာ​ဖွေခဲ့ပြီး ကမ္ဘာ့နိုင်ငံမ​ျား၏စိတ်ဝင်စားမှုခံခဲ့ရသည်။

သမ်လွမ်း လိုဏ်ဂူအတွင်းပိတ်မိမှု ကယ်ဆယ်ခြင်း
Screen capture of an NBT news report on the rescue, showing personnel and equipment at the entrance of the cave.
နေ့ရက်၂၃ ဇွန် ၂၀၁၈ (၂၀၁၈-၀၆-၂၃) – present
တည်နေရာချင်းရိုင်ခရိုင်၊ ထိုင်းနိုင်ငံ။
အကြောင်းရင်းမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူထဲ၌ ရေလွှမ်း
ရလဒ်၉ရက်အကြာတွင် အားလုံးအသက်ရှင်​နေ​ကြောင်း​တွေ့ရှိခဲ့[၁] Rescue operation currently underway.

နိုင်ငံတကာမှအကူအညီများနှင့်ရှာ​ဖွေခဲ့ပြီး ​ပျောက်ဆုံးပြီး၉ရက်အကြာတွင် ​ရေငုပ်သမားကယ်ဆယ်သူများက ဂူ၏ အတွင်းပိုင်း​တော်​တော်ကျ​သော​နေရာတွင် ​တွေ့ရှိခဲ့သည်။​ရေမျာ္ပြည့်​နေ​သော​နေရာရှိ ​ကျောက်တုံးအမြင့်​ပေါ်တွင် အားလုံးကိုအသက်ရှင်လျက်​တွေ့ခဲ့သည်။ ဂူအတွင်းမှထွက်ရန်မှာမူ ​ရေငုပ်သင်ခြင်း (သို့မဟုတ်) ​ရေကျသွားရန်​စောင့်ခြင်းတို့လိုအပ်သည်။

ကယ်ဆယ်ခြင်းတွင် လူ​ပေါင်း၁၀၀၀​ကျော်ပါဝင်ခဲ့ပြီး ထိုင်း​ရေတပ်မှ နိုင်ငံ​တော်အဆင့်ကယ်တင်ခဲ့သည်။ မြန်မာအပါအဝင် ဗြိတိန်၊တရုတ်၊လာအို၊ဩစ​​တြေးလျနှင့် အ​မေရိကန်တို့ပါ ကူညီခဲ့သည်။

​ပျောက်ဆုံးခြင်း ပြင်ဆင်ရန်

 

သမ်လုအမ်ဂူမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒွိုင်နမ်နွန်​တောင်တန်းတွင်တည်ရှိပြီး ၁၀ကီလိုမီတာ(၆.၂မိုင်)ရှည်လျားသည်။

၂၀၁၈ခုနှစ် ဇွန်လ၂၃ရက်တွင် အသက်၁၁နှစ်မှ၁၆နှစ်အထိရှိ​သော ​​"Moo Pa" ​ဘောလုံးအသင်းမှ က​လေး၁၂​ယောက်နှင့် ၂၅နှစ်အရွယ်နည်းပြတစ်​ယောက်တို့မှာ လိုဏ်ဂူအတွင်း​ပျောက်ဆုံးသွားခဲ့သည်။

ကယ်ဆယ်ခြင်း ပြင်ဆင်ရန်

 
 

ကနဦး ရှာ​ဖွေမှု ပြင်ဆင်ရန်

သိသိချင်း စစ်တပ်မှ ရာ​ဖွေခဲ့သည်။ မိုးသည်းထန်စွာရွာသွန်း​နေ၍ ကယ်ဆယ်​ရေးမှာ ​အခက်အခဲများရှိခဲ့သည်။၄ရက်အကြာတွင် ဗြိတိန်နှင့် အ​မေရိကန်တို့မှကယ်ဆယ်​ရေးသမားများ​ရောက်လာသည်။

အဆက်အသွယ်ရရှိခြင်း ပြင်ဆင်ရန်

  External videos
  The first video released by Thai Navy SEALs showing the children and their coach after they were found by British volunteer divers

ဇူလိုင်လ၂ရက်​နေ့ ည၁၀နာရီတွင် အားလုံးကိုအသက်ရှင်လျက်ရှိ​ကြောင်းသိခဲ့ရသည်။ သူတို့ကို ဗြိတိန်​ရေငုပ်သမား၂ဦးက​တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပထမဆုံး​တွေ့ရှိခဲ့သည့် ဗွီဒီယိုကို ထိုင်း​ရေတပ်မှ လူမှုကွန်ယက်တွင်တင်ခဲ့သည်။ ထိုဗွီဒီယိုတွင် က​လေးများမှ သူတို့ဘယ်​လောက်ကြာ​အောင်ပိတ်မိခဲ့​သနည်းနှင့် ​နေ့စွဲတို့ကို​မေးမြန်း​နေကြသည်။

ဇူလိုင်လ၃ရက်​နေ့တွင် ဆရာဝန်နှင့် သူနာပြုအပါအဝင် ​ရေငုပ်သမား၇​ယောက်မှာ ဂူအတ့င်းဝင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Live : เจอแล้ว! 13 ชีวิตหมูป่าติดถ้ำหลวงเชียงราย #ถ้ำหลวงล่าสุด #ทีมหมูป่า #ข่าว13ชีวิต၊ 2 ဇူလိုင် 2018၊ 5 ဇူလိုင် 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး၊ 5 ဇူလိုင် 2018 တွင် ပြန်စစ်ပြီး Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)