သယ်စီဗနာအားလပ်ရက်အပန်းဖြေစခန်း

သယ်စီဗနာအားလပ်ရက်အပန်းဖြေစခန်း သည် သီရိလင်္ကာနိုင်ငံမြောက်ဘက်ကမ်းရိုးတန်း ကန်ကီစန်သုရိုင်မြို့အနီးတွင် တည်ရှိသည့် အားလပ်ရက်အပန်းဖြေစခန်းတစ်ခု ဖြစ်သည်။ ယခင်က ကန်ကီစန်သုရိုင်တည်းခိုအိမ်ဖြစ်ခဲ့ပြီး ပြည်တွင်းစစ်ကာလအတွင်း သီရိလင်္ကာစစ်တပ်က ရယူခဲ့သည်။ ပြည်တွင်းစစ်ပြီးဆုံးပြီးနောက်တွင် အဆောက်အဦများကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အားလပ်ရက်အပန်းဖြေစခန်းအဖြစ်သို့ ပြောင်းလဲခဲ့သည်။

Thalsevana Holiday Resort
Map
ယခင်အမည်များKankesanthurai Rest House
အထွေထွေ အချက်အလက်များ
မြို့Kankesanthurai
နိုင်ငံSri Lanka
ကိုဩဒိနိတ်9°48′57.30″N 80°02′55.00″E / 9.8159167°N 80.0486111°E / 9.8159167; 80.0486111ကိုဩဒိနိတ်: 9°48′57.30″N 80°02′55.00″E / 9.8159167°N 80.0486111°E / 9.8159167; 80.0486111
လက်ရှိ အငှားနေထိုင်သူSri Lanka Army
ပြန်လည်မွမ်းမံ2 October 2010
ပိုင်ဆိုင်သူGovernment of Sri Lanka
အခြား အချက်အလက်များ
အခန်း အရေအတွက်31
ဝဘ်ဆိုဒ်
thalsevanaresort.com

သမိုင်း ပြင်ဆင်ရန်

ဗြိတိသျှကိုလိုနီခေတ်ကာလ၌ သီရိလင်္ကာနိုင်ငံအဝှမ်းတွင် နားနေအိမ်များကို ဆောက်လုပ်ခဲ့ကြသည်။[၁] ကန်ကီစန်သုရိုင်နားနေအိမ်သည် မြောက်ပိုင်းစီရင်စုလမ်းကော်မတီက လုပ်ဆောင်လျက်ရှိသည်။[၂] လွတ်လပ်ရေးရပြီးနောက်တွင် ထိုနားနေအိမ်များကို နိုင်ငံက ရယူခဲ့ကာ သီရိလင်္ကာဟိုတယ်များကော်ပိုရေးရှင်းက ပိုင်ဆိုင်ခဲ့သည်။[၁]

၁၉၉၀ ခုနှစ်တွင် သီရိလင်္ကာစစ်တပ်သည် ဗလိကမမ်ဒေသမြောက်ပိုင်းကို လုံခြုံရေးတင်းကြပ်ဇုံအဖြစ်ကြေညာခဲ့သည်။[၃] ထို့နောက်တွင် ထိုနေရာများ၌ နေထိုင်သူများကို လျော်ကြေးပေးခြင်း မရှိဘဲ အတင်းအကြပ် မောင်းထုတ်ခဲ့ကြသည်။ ကန်ကီစန်သုရိုင်နားနေအိမ်သည်လည်း ထိုလုံခြုံရေးတင်းကြပ်ဇုံအတွင်းတွင် ပါဝင်နေခဲ့သည်။ ၎င်းကို သီရိလင်္ကာစစ်တပ်က ရယူခဲ့ကာ အရာရှိရိပ်သာအဖြစ် အသုံးပြုခဲ့သည်။[၄][၅][၆] ပြည်တွင်းစစ်ပြီးဆုံးပြီးနောက်တွင် စစ်တပ်သည် အဆောက်အဦများကို ပြင်ဆင်ခဲ့ပြီး သယ်စီဗနာအားလပ်ရက်အပန်းဖြေစခန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအပန်းဖြေစခန်းကို ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Holmes၊ W. Robert။ Jaffna 1980။ The Christian Institute for the Study of Religion Society of Jaffna College။ p. 100။
  2. The Automobile Association Of Ceylon Handbook။ The Automobile Association Of Ceylon။ 1950။ p. 141။ 26 April 2014 တွင် မူရင်း အား မော်ကွန်းတင်ပြီး11 June 2021 တွင် ပြန်စစ်ပြီး
  3. Brady၊ Brendan။ "Soldiers at Your Service"၊ 30 August 2013။ 
  4. "In bigger barracks"၊ 2 June 2011။ 
  5. Bedi၊ Rahul။ "Armed, dangerous and building their own empires"၊ 20 August 2011။ 
  6. Jayasuriya၊ Ranga။ "Army’s new civilian role - is this a good signal?"။ Archived from the original on 25 April 2012။ 
  7. "Thal Sevana Holiday Resort in Kankasanturai"၊ 15 May 2011။ 11 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 January 2018။