အရှင်သရဏဂမနိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်

ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအချိန်တွင် ဟိမဝန္တာတောင်၌ နတ်မင်းနှစ်ဦးတို့သည် စစ်ထိုးလျက် ရှိ၏။ ထို့ကြောင့် များစွာသော နတ်တို့၏ ကြွေးကြော်သံသည် လွှမ်းလျက်ရှိ၏။ ထိုအခါ မြတ်စွာဘုရားသည် ကြွလာ၏။

ထို့နောက် မြတ်စွာဘုရားသည် “ပြစ်မှားလိုသော စိတ်ရှိသည့် သတ္တဝါသည် တစ်ဦးတစ်ယောက်သော သတ္တဝါကို အကြိမ်ကြိမ် ညှဉ်းဆဲသကဲ့သို့ မညှဉ်းဆဲကြစေကုန်လင့်။ မိမိဒေါသစိတ်ကို ငြိမ်းစေကုန်လော့” ဟု မိန့်တော်မူ၏။

ထိုအခါ နတ်မင်းနှစ်ပါးတို့သည် သတိတရားရကြကာ မြတ်စွာဘုရားကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ကြကုန်၏။[]

အကျိုးခံစားရခြင်း

ပြင်ဆင်ရန်

ထိုသို့ မြတ်စွာဘုရားအား ကိုးကွယ်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာသုံးသောင်းထက်၌ “မဟာဒုန္ဒုဘိ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သရဏဂမနိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်