သလွန်သည် နန်းမနန်းဦး၌ တည်ထား မြဲဖြစ်သော ဘုရင်မိဖုရားတို့၏အိပ်ရာခုတင်အထူးပင် ဖြစ်သည်။ အုံးထားလက်တင်တို့၌ ကုမုဒြာ ကြာဖူး ကြာပွင့် ကြာရိုး ကြာရွက်တို့ဖြင့် လိမ်ယှက်နေဟန် ရွှေစသော ရတနာတို့ဖြင့် မွမ်းမံခြယ်လှယ်ထားသည်။ အလျားခုနစ်တောင်၊ အနံခုနစ်တောင်၊ ခြေခြောက်ချောင်းတပ်ဖြစ်သည်။ ပြူစောထီး သည် ခမည်းတော်နေမင်းက လေးမြှားအပ်၍ ငှက်၊ ဝက်၊ ဘီလူး၊ ဘူး၊ ရှူးပျံ၊ ကျား၊ ရန်သူ ခြောက်ပါးကို နှိမ်နင်းအောင်မြင်၍ မင်း၏အဖြစ်ကိုရောက်သည့် အောင်ခြင်း နိမိတ်ထင်ရှားစေလိုသဖြင့် ငှက်၊ ဝက်၊ ဘီလူး၊ ဘူး၊ ရှူးပျံ၊ ကျားတို့သဏ္ဌာန်ခြောက်ရုပ်လုပ်၍ မပြတ်အိပ်ယာနေရာတွင် အောက်အခံဖြစ်သော ခြေခြောက် ချောင်းတပ်ခြင်းဖြစ်သည်ဟု ရွှေဘုံနိဒါန်း၌လာသည်။

သလွန်သည် အခြားနေရာတို|့ထက်သာလွန်သောကြောင့် သာလွန်နေရာဟုခေါ်ရာမှ သလွန်ဖြစ်လာသည်ဟု အချို့က ဆိုကြသည်။ အချို့ကမူ အိပ်ရာ၊ ခုတင်၊ ခုံမြင့်ဟု အဓိပ္ပာယ်ရသောမွန်စကား ဒေန်သွာန်ဟူသော စကားမှလာ သည်ဟု ဆိုကြသည်။ ဒေန်သွာန်မှဒေန်သဝန်၊ ယင်းမှသလဝန်၊ သလွန်ဟူ၍ ဖြစ်လာတန်ရာသည်ဟုယူကြသည်။ သလ ဝန်ဟူသောအရေးအသားကို ပုဂံမြို့အရှေ့တောင်ယွန်းမြောက် ကူနီဘုရားကျောက်စာစာကြောင်းရေ ၁၄ ၌ • တာဝ် တန်ကျတ်ရိယ် ၁ ရှုယ်၊ သလဝန်၁၊ဤမ်ရာတာဝ်နက်၊ပူစင် တံတိုင်၁၊ ခံတင်မွန်၁၊ ခင်နှီဦအစုံ၊ကွံချပ်၁ဟူ၍ပါရှိလေသည်။ ဘုရင်မင်းမြတ်တို့၏စက်တော်ခေါ်ရာ သလွန်သည် နန္ဒကုမာရမင်းလက်ထက်မှစ၍ ပေါ်ပေါက်ကြောင်းနှင့် ရွှေဘုံ နိဒါန်း၌ပင် အကျယ်ပြဆိုသည်။

မြတ်စွာဘုရားသခင်၏ စက်လက္ခဏာတော်ပေါင်း ၁ဝ၈ ကွက်တွင်ရွှေအင်းပျဉ်ရွှေသလွန်ပုံပါလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)