ဂေဟသိတ ဥပေက္ခာဝေဒနာကိုပင် သာမိသ ဥပေက္ခာဟု ခေါ်ပါသည်။

စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်လတ်သော် လူမိုက်ဖြစ်ကြောင်း အကုသိုလ်တရားနှင့် ယှဉ်ခြင်းကြောင့် မိုက်မဲသော မလိမ္မာသော, မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွား၌ အမှန်အတိုင်း မသိသဖြင့် တွေဝေသော, ကိလေသာတို့ကို များစွာဖြစ်စေတတ်သော, ကိလေသာတည်းဟူသော အပိုင်းအခြားကို အရိယမဂ်တည်းဟူသော အပိုင်းအခြားဖြင့် မအောင်မြင်နိုင်သေးသော, (ပဋိသန္ဓေတည်းဟူသော အကျိုးဝိပါက်ကို မဖြစ်အောင် ပြုလုပ် ခြင်းငှာ စွမ်းနိုင်သော အရိယမဂ်တရားကို မရရှိသေးသဖြင့်) ပဋိသန္ဓေတည်းဟူသော အကျိုးဝိပါက်ကို မအောင်နိုင် သေးသော, ရူပါရုံကို ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမဓမ္မဟူသော အပြစ်ရှိသည့်တရားဟု ရှုမြင်လေ့ မရှိသော ရူပါရုံ၏ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ်ကို မသိမမြင် တွေဝေတတ်သော သမ္မောဟတရား ၌လည်း အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ်တို့ကို ရှုမြင်လေ့ မရှိသော, ကြားနာအပ်ပြီးသော သင်သိ ကျင့်သိဟူသော အကြားအမြင် ဗဟုသုတ မရှိသော ပရမတ္ထ ဉာဏ်ပညာမျက်စိ ကာဏ်းနေသော အန္ဓပုထုဇန် ပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ပေါ်လာသော အညာဏုပေက္ခာသည် ရူပါရုံကို တစ်နည်း ရူပါရုံ၌ဖြစ်သော ကိလေသာကို မကျော်လွှား မလွန်မြောက်နိုင်။ ထိုကြောင့် ထိုဥပေက္ခာကို ဂေဟသိတဥပေက္ခာဟူ၍ ခေါ်ဆို၏။ [][]

ကာမဂုဏ်၌ လွန်စွာ ငြိကပ်သော ဥပေက္ခာဝေဒနာ

ပြင်ဆင်ရန်

သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူသည်။ ဂေဟသိတ ဥပေက္ခာ (၆)မျိုးတည်း။ ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံသည် ထင်လာလတ်သော် တင်လဲခဲ၌ (ထန်းလျက်ခဲ, သကာခဲ, သကြားခဲ၌) နားမိသော ယင်ကောင်ကဲ့သို့ ရူပါရုံ စသည့် အာရုံတို့ကို တစ်နည်းဆိုသော် ရူပါရုံ စသည်တို့၌ ဖြစ်သော ကိလေသာတို့ကို မကျော်လွှား မလွန်မြောက်နိုင်သည် ဖြစ်၍ ထိုရူပါရုံ စသည့် အာရုံတို့၌ပင်လျှင် ငြိကပ်သည် အလွန်ငြိကပ်ခြင်းရှိသည် ဖြစ်၍ ဖြစ်ပေါ်လာသော ကာမဂုဏ်၌ မှီသော ဥပေက္ခာ ဝေဒနာတည်း။ []

အညာဏုပေက္ခာ

ပြင်ဆင်ရန်

ရူပါရုံ စသည့် အာရုံ (၆)ပါးတို့ကား အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ တရားတို့သာတည်း။ ယင်းအာရုံ (၆) ပါးတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ- အသုဘ သဘောမှန်ကို မသိမှုကား အညာဏတည်း။ တရားကိုယ်မှာ မောဟတည်း။ ယင်းအညာဏ အမည်ရသော မောဟနှင့် အတူတကွဖြစ်သော ဥပေက္ခာသည် အညာဏုပေက္ခာတည်း။ ယင်း အညာဏုပေက္ခာသည် အာရုံ (၆)ပါး = ရုပ်နာမ်ဓမ္မ = သင်္ခါရတရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု မရှုဘဲ နိစ္စ-သုခ-အတ္တ-သုဘဟု ရှုမြင်တတ်၏။ ယင်းသို့ ရှုမြင်ခြင်းကို အသမပေက္ခန = မညီမညွတ် ရှုမြင်ခြင်းဟု ခေါ် ဆိုသည်။ ယင်းအညာဏုပေက္ခာကို ဂေဟသိတဥပေက္ခာဟု ခေါ်ဆို၏။[]

သို့သော် မောဟနှင့် ယှဉ်တွဲနေသော ဥပေက္ခာမှာ မောဟမူစိတ်၌လည်း ရှိနေသဖြင့် ဤ၌ အလိုရှိအပ် သော အညာဏုပေက္ခာကို မဟာဝဂ္ဂဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်း တင်ပြထား၏။

လောဘ နှင့် ယှဉ်တွဲနေသော ဥပေက္ခာ

ပြင်ဆင်ရန်

အာရုံ (၆)ပါးတို့တွင် အာရုံ တစ်ပါးပါးသည် ဆိုင်ရာဒွါရ၌ ထင်လာသောအခါ ယင်းအာရုံ၏ အနိစ္စ- ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို မသိမှု မောဟက မထင်ရှားဘဲ အာရုံကို နိစ္စ-သုခ-အတ္တ-သုဘဟု မညီမမျှ ရှုတတ်သည့် အသမပေက္ခနဟူသော ဥပေက္ခာသဘောက ပို၍ ထင်ရှားနေ၏။ ရှေ့တန်းသို့ ရောက်နေ၏။ အထူး သဖြင့် ဤအပိုင်း၌ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သည့် ဣဋ္ဌဖြစ်သော အာရုံအပေါ်၌ တင့်တယ်သည့် သုဘ ဟု ရှုမြင်မှုက ထင်ရှားနေ၏။ အာရုံ၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို မသိမှုက မထင်ရှားသည့် အတွက်ကြောင့် အာရုံအပေါ်၌ မညီမညွတ် ရှုမြင်တတ်သော ဥပေက္ခာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော လောဘ နှင့် ယှဉ်တွဲနေသော ဥပေက္ခာကို ဤနေရာ၌ ဂေဟသိတဥပေက္ခာဟူ၍ အလိုရှိအပ်ပေသည်။[]

ရှုပွားပုံ

ပြင်ဆင်ရန်

ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြခဲ့သည့်အတိုင်း အာရုံ (၆)ပါးတို့တွင် သုဘဖြစ်သော အာရုံ တစ်မျိုးစီကို အာရုံယူ၍ ဆိုင်ရာဒွါရတို့ကို ပူးတွဲသိမ်းဆည်းလျက် ယင်း ဂေဟသိတဥပေက္ခာဝေဒနာ = သာမိသ ဥပေက္ခာဝေဒနာကို အဦးမူသဖြင့် လောဘအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ၊ ထိုနောင် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။ ယင်းနာမ်ရုပ်တို့ကို သိမ်းဆည်းနိုင်ခဲ့သော် သာမိသ ဥပေက္ခာ ဝေဒနာကို ခံစားလျှင်လည်း သာမိသ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိသည် မည်ပေသည်။<ref name="နိဗ္ဗာနဂါမိနိပဋိပဒါ" >

  1. စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ ဥပေက္ခာ ဗာလဿ မူဠှဿ ပုထုဇ္ဇနဿ အနောဓိဇိနဿ အဝိပါကဇိနဿ အနာဒီနဝဒဿာဝိနော အဿုတဝတော ပုထုဇ္ဇနဿ။ ယာ ဧဝရူပါ ဥပေက္ခာ၊ ရူပံ သာ နာတိဝတ္တတိ၊ တသ္မာ သာ ဥပေက္ခာ ဂေဟသိတာတိ ဝုစ္စတိ။ (မ၊၃၊၂၆၁။)
  2. နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်
  3. (ဒီ၊ဋ္ဌ၊၂၊၃၂၃။ မ၊ဋ္ဌ၊၄၊၁၈၇။)
  4. အညာဏုပေက္ခာတိ အညာဏသဟိတာ ဥပေက္ခာ အသမပေက္ခနပဝတ္တာ။ (မ၊ဋီ၊၃၊၃၈၄။)
  5. အညာဏာဝိဘူတတာယ အာရမ္မဏေ အဇ္ဈုပေက္ခနဝသေန ပဝတ္တမာနာ လောဘသမ္ပယုတ္တဥပေက္ခာ ဣဓာဓိပ္ပေတာတိ တဿ လောဘဿ အနုစ္ဆဝိကမေဝ အာရမ္မဏံ ဒေဿန္တော ဣဋ္ဌာရမ္မဏေတိ အာဟ။ (ဒီ၊ဋီ၊၂၊၂၆၈။)