သာရဇ္ဇသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ကြောက်ရွံ့ခြင်းသို့ ရောက်ကြောင်းနှင့် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဲရင့်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]

သာရဇ္ဇသုတ် ပြင်ဆင်ရန်

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ကြောက်ရွံ့ခြင်းသို့ ရောက်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ’

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်’

  • ယုံကြည်မှု "သဒ္ဓါ" မရှိ။
  • စောင့်ထိန်းမှု "သီလ" မရှိ။
  • အကြားအမြင်နည်း၏။
  • ပျင်းရိ၏။
  • ပညာမရှိ။[၁]

ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ကြောက်ရွံ့ခြင်းသို့ ရောက်၏။[၁]

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဲရင့်၏။[၁]

အဘယ်ငါးမျိုးတို့နည်းဟူမူ’

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်’[၁]

  • ယုံကြည်မှု "သဒ္ဓါ" ရှိ၏။
  • စောင့်ထိန်းမှု "သီလ" ရှိ၏။
  • အကြားအမြင်များ၏။
  • ထက်သန်သော လုံ့လရှိ၏။
  • ပညာရှိ၏။[၁]

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဲရင့်၏ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၄-စတုတ္ထပဏ္ဏာသက (စတုတ္ထသုတ်ငါးဆယ်)၊ (၁၆) ၁- သဒ္ဓမ္မဝဂ် ၈ - သာရဇ္ဇသုတ်