သာရုမာရု
သာရုမာရုသည် ရှေးခေတ်ဗုဒ္ဓဘာသာဂူများစွာနှင့် စေတီပုထိုးများပါဝင်သည့် ရှေးဟောင်းသုတေသနနယ်မြေတစ်ခု ဖြစ်သည်။ စေတီတော်သည် အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၊ Sehore ခရိုင်၊ Budhani Tehsil, Pangoraria ရွာအနီးတွင် တည်ရှိသည်။[၁][၂] ဤနေရာသည် ဆန်ချီမှ တောင်ဘက် ၁၂၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။
Saru Maru | |
The great stupa of Saru Maru | |
ကိုဩဒိနိတ် | 22°43′48″N 77°31′12″E / 22.729949°N 77.519910°Eကိုဩဒိနိတ်: 22°43′48″N 77°31′12″E / 22.729949°N 77.519910°E |
---|---|
အမျိုးအစား | Buddhist settlement, stupas and caves |
Satellite of | Pangoraria |
ဖော်ပြချက်
ပြင်ဆင်ရန်ဤနေရာတွင် စေတီများစွာနှင့် ရဟန်းများ နေထိုင်ခဲ့သည့် သဘာဝဂူများလည်း တည်ရှိသည်။ ဂူများတွင် ဗုဒ္ဓဘာသာဆိုင်ရာ ပန်းချီများ (swastika, triratna, kalasa ...) ကို မြင်တွေ့နိုင်သည်။ အဓိကဂူတွင်မူ အသောကမင်း၏ရေးဆွဲထားသည့် ပန်းချီနှစ်ခုကို မြင်တွေ့နိုင်သည်။ ကျောက်တုံးပေါ်တွင် ရေးဆွဲထားသည့် အသေးစားတစ်ခုမှာ အသောကကမင်း၏ ကြေညာစာများထဲမှ တစ်ခု ဖြစ်ပြီး ပိယဒဿီ၏ လည်ပတ်မှုကိုလည်း ရေးသားဖော်ပြထားသည်။[၁][၂]
ကျောက်ထွင်းစာများတွင် ရေးသားဖော်ပြချက်အရ အသောကမင်းသည် ထိုနေရာသို့ Madhya Pradesh ဒေသ၏ မင်းသားဖြစ်စဉ် အချိန်ကပင် ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် သူ၏ နေထိုင်ရာနေရာမှာ Vidisha ဖြစ်သည်။ ဗုဒ္ဓဘာသာစာပေများတွင် အသောကမင်းကြီး၏ မိဖုရားသည် Vidishadevi ဟု ဆိုထားသည်။[၁]
-
Saru Maru တောင်ကုန်းပေါ်ရှိ စေတီငယ်များ
-
Saru Maru ဂူများထဲမှ တစ်ခုတွင် အသောကမင်းရေးထိုးထားသည့် ကျောက်စာ၊ [၃]
-
View of the Minor Edicts
ဂုဏ်ပြုစာကမ္ပည်းအပြည့်အစုံ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ Gupta, The Origins of Indian Art, p.196
- ↑ ၂.၀ ၂.၁ Archaeological Survey of India
- ↑ Sircar၊ D. C. (1979)။ Asokan studies။ Plate XVI။