သိကြားဖန်တဲ့မိုး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

၁၂၇၀ ပြည့်နှစ် ဝါခေါင်လတွင် စပါးများစိုက်ပျိုးပြီးနောက် မိုးခေါင်နေသဖြင့် မိုးကို မျှော်ကြသည်။ တန်ဆောင်မုန်းလရောက်သည့်အခါမှသာ မိုးရွာသည်။ ထိုနှစိမိုးလေဝသ အကြောင်းကို ဖွဲ့ဆိုထားသည်။

သိကြားဖန်တဲ့မိုး ပြင်ဆင်ရန်

သေဟသ်တွင်မှ၊ ဒွေးသတ္တာ ခေါင်မော်တင်လို့၊ ထောင်ပေါ်တွင်နှစ်ရာလွှန်းခဲ့၊ စာညွှန်းပုံဆို၍ လှစ်ရင်ဖြင့်၊ စွန်းထိုနှစ် ခုနှစ်ဆယ်။

လနယုန်ဝါဆိုက၊ မရွာလို သတ္တဝါငိုမလောက်ပ၊ အခြောက်ပင် ကိုယ်စီထောင်ကြရ၊ နောက် ဝါခေါင်တော်သလင်းတော့၊ မျှော်တွင်းကို မိုးရွာလိုက်ပေလို့၊ ပျိုးစိုက်ရတယ်။

သစ်ပင်စုံဖြစ်ချင်ရက်ဟာမို့၊ ရှစ်မျက်နှာ နယ်တလွှားပ၊ စပါးတွေမြေသို့ ပျိုးလိုက်ရင်၊ ရေအိုးတင် ရင်ခစောင်းထိ၊ ကောင်းယုတ်လတ် အသွယ်သွယ်၊ အနယ်နယ်ပတ်ကုံး။

မြက်မြေဇာ ခွေကာညှိုးအောင်ပ၊ ငွေမိုးညို သူမရွာသော်ကြောင့်၊ တူရာသီ ပူစွာလောင်ရော့၊ ဖြူခါအောင် သူငါမွဲရခြည့်၊ နွားလှည်း ရောင်းသူရောင်းနှင့်၊ နားရောင်းပေါင်သူပေါင်လို့၊ အိမ်ထောင်ဖျက်သူဖျက်ပ၊ လယ်ကွက်အပ်သူအပ်လို့၊ အောက်ရပ်သွားသူသွားပေါ့၊ နောက်ဖျားချွန်၊ တန်ဆောင်မုန်းတော့၊ နှလုံးလွန်ပူပန်လှမှ၊ ဖုံးအနှံ့ခွေကာညှိုးရာက၊ စပါးဆန်စားရန်တိုးစေဘို့၊ ပတ္တမြားတန်အောင် သကြားဖန်တဲ့မိုးပေတင့်၊ ဖိုးအထိုက်ဆုံး။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဧသဟသ် = ဧကသဟဿ၊ တစ်ထောင်။

၂။ ဒွေးသတ္တာ = ၂ ဂဏန်း၊ ၇ ဂဏန်း။

၃။ ရေအိုးတင် = လူ၏ ခါးစောင်းမျှထိ မြင့်သော နေရာ။

၄။ ပတ်ကုံး = ပတ်ဝန်းကျင် တပြင်လုံး။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။