သိင်္ဃသူ ဟူသည်မှာ ရှေးမြန်မာမင်းလက်ထက် မင်းသားတို့ကို ချီးမြှင့်လေ့ရှိသော ဘွဲ့အမည်တခု ဖြစ်သည်။

ဝေါဟာရဖြစ်ပေါ်ပုံ

ပြင်ဆင်ရန်

သိင်္ဃသူ သည် သိင်္ဃ နှင့် သူရ ဟူသော ပါဠိဝေါဟာရ ၂ ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သိင်္ဃ သည် သီဟကို မြန်မာမှုပြုခြင်းဖြစ်ပြီး ရဲရင့်ခြင်းဟု အနက်ရသည်။ [] သူရ သည်လည်း အနက်တူသော စကားလုံးပင် ဖြစ်၏။ အချို့သူတို့မှာ သိခါ မှဖြစ်သော သိင်္ခနှင့် လွဲကာ သိင်္ခသူ ဟု ရေးတတ်၏။ သိခါမှာ ဦးစွန် သို့ သျှောင်ဟု အဓိပ္ပာယ်ရ၏။ [] သိင်္ခသူရေးက သျှောင်ဖြင့်ရဲရင့်သူဟု မရမကအနက်ယူသော် သင့်နိုင်သည်။

သိင်္ဃသူဘွဲ့ခံများ

ပြင်ဆင်ရန်

သိင်္ဃသူ (ကျစွာမင်း သား)

ပြင်ဆင်ရန်

အစောဆုံးတွေ့ရသော သိင်္ဃသူဘွဲ့ခံမှာ ကျစွာမင်း၏ သားတော်တပါး ဖြစ်သည်။ သူ၏သမီး ရေးထိုးသော သိင်္ဃသူ့သမီးကျောက်စာမှာ ဆုတောင်းပုံလှသဖြင့် ထင်ရှား၏။

သိင်္ဃသူ (တောင်တွင်း သီဟပတေ့ သား)

ပြင်ဆင်ရန်

တောင်တွင်း သီဟပတေ့ သား စောနှောင်းသည်လည်း သိင်္ဃသူဘွဲ့ ခံသည်။ ဖခင်ရှိစဉ် စကုကိုစား၍ သိင်္ဃသူဘွဲ့ခံသော်လည်း မည်သူပေးကြောင်း မသိရ။ []

သိင်္ဃသူ (စကုစား သိင်္ဃသူ သား)

ပြင်ဆင်ရန်

သိင်္ဃသူငယ်ဟု ရာဇဝင်များတွင် ရေးခြင်းခံရသူမှာ အထက် သိင်္ဃသူ စောနှောင်း သား ဖြစ်၏။ မင်းကြီးစွာ၏ သမီးနှင့်လက်ထပ်သူဖြစ်၍ ဤဘွဲ့ကို မင်းကြီးစွာပေးကြောင်း ယုံကြည်ရသည်။

  1. မဟာဇေယသင်္ခယာ။ "ဝေါဟာရလီနတ္တဒီပနီ"။ ဟံသာဝတီစာပုံနှိပ်တိုက်။ ၁၉၆၃၊ ဇူလိုင်။ စာ ၃၂၂။ "... မိဿသိင်္ဃဓနုမာသေ ဟူ၍ ဗေဒင်ကျမ်းတွင် ဟအက္ခရာ ဃပြုကြောင်း ..."
  2. ဦးဟုတ်စိန်။ "ပါဠိ-မြန်မာအဘိဓာန်"။ ပိဋကဗျူဟာအဖွဲ့။ ၁၉၉၉။ စာ ၁၀၃၃။
  3. "မှန်နန်းမဟာရာဇဝင်တော်ကြီး"၊ ဆဋ္ဌမတွဲ၊ တတိယအကြိမ်။ ပြန်ကြားရေးဝန်ကြီးဌာန။ ၁၉၉၂၊ ဒီဇင်ဘာ။ စာ ၃၉၈။ "ထိုအခါ ငနွယ်ကုန်စား ဘယကျော်သူ ခြားနားလေ၏။ တောင်တွင်းကြီးစား သီဟပတေ့လည်း ခြားနားလေ၏။ စကုစား သိင်္ဂသူလည်း ခြားနားလေ၏။ ..."