သိတ္ထာဝကာရကသိက္ခာပုဒ် (ကဗဠဝဂ်)

ဆွမ်းလုံးကို ကြဲဖြန့်ခြင်း ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းလုံးကို ဖြန့်ကြဲ၍ (ဟိုပစ်သည်ပစ်နှင့် ပစ်စလက်ခတ်လုပ်၍) စားကြကုန်၏၊ ဆွမ်းတလုံးဖြစ်ဖို့ အကြောင်းကို (နွားခြေး ချရ, လယ်ထွန်ရစသည်ဖြင့် အလုပ်များစွာလုပ်မှ ဆွမ်းတလုံး ဖြစ်နိုင်ပုံကို) နားလည်ကြသောလူတို့သည် ဆွမ်းလုံးကို ဖြန့်ကြဲ၍ ပစ်ကြပုံကို မကျေနပ် ကြသဖြင့် ကဲ့ရဲ့ကြသောကြောင့်—[၁]

“န သိတ္ထာဝကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

“ဆွမ်းလုံးတို့ကို ဖြန့်ကြဲ၍ ဖြန့်ကြဲ၍ မစားအံ့”ဟု အလေ့ အကျင့်ကိုပြုရမည်၊ [“သိတ္ထ-ဆွမ်းလုံးတို့ကို+အဝကာရက-ယုတ်ညံ့စွာ ပြု၍ ကြဲဖြန့်၍။” ဤသိက္ခာပုဒ်၌လည်း အမှိုက်အရိုး ကျောက်ခဲ စသည်ကို စွန့်ပစ်ရင်း ဆွမ်းလုံးပါသွား၍ ဖြန့်ကြဲရာ ရောက်သော်လည်း အာပတ်မသင့်။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး