သိပ္ပံနည်းကျ နည်းလမ်း

သိပ္ပံနည်းကျ နည်းလမ်း (သို့) သိပ္ပံနည်းကျ နည်းစနစ် (အင်္ဂလိပ်: scientific method) ဆိုသည်မှာ ဗဟုသုတ၊ အသိပညာကို ရယူရာ၌ ကိုယ်တွေ့မျက်မြင် နည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် အနည်းဆုံး ၁၇ ရာစုမှစတင်ကာ ယနေ့ခေတ်အထိ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်လာမှု၏ ထူးခြားသောအသွင်အပြင်ဖြစ်သည်။ စိတ်တွင် နားလည်လိုက်သည့် ယူဆထင်မြင်ချက်များ (cognitive assumptions) က တစ်စုံတစ်ဦး၏ (မြင်လိုက်/ကြားလိုက်...) လေ့လာလိုက်သည့်အရာကို အနက်ကောက်ယူပုံအား မမှန်မကန်ဖြစ်စေခြင်းကို ထည့်သွင်းစဉ်းစားပါက သိပ္ပံနည်းကျ နည်းလမ်းတစ်ခုတွင် လေ့လာ(သိ/မြင်/ကြား...) ထားသောအရာကို ခရေစေ့တွင်းကျ သံသယသဘောကို အသုံးချ၍ ဂရုတစိုက်(အသေးစိတ်) လေ့လာစူးစမ်းခြင်းများ ပါဝင်သည်။ ထိုသို့ လေ့လာစူးစမ်းခြင်းများအပေါ် အခြေခံကာ ခြုံငုံစဉ်းစားဆင်ခြင်မှုမှတစ်ဆင့် အဆိုကြမ်း (အနုမာနအဆို) တို့ကို ဖော်ထုတ်ယူရသည်။ ထိုအဆိုကြမ်းမှ ဆွဲထုတ်ယူသော ကောက်ချက်များနှင့်ပတ်သက်၍ စမ်းသပ်၊ တိုင်းတာမှုအပေါ် အခြေခံသည့် စစ်ဆေးစမ်းသပ်မှုများပြုရသည်။ ထို့နောက် စမ်းသပ်တွေ့ရှိချက်များအပေါ်အခြေခံ၍ပင် အဆိုကြမ်းကို မွမ်းမံခြင်း (သို့) ဖယ်ရှားရှင်းလင်းခြင်းဖြစ်စဉ်များလည်း ပါဝင်လေသည်။ သိပ္ပံနယ်ပယ်အားလုံးတွင် အသုံးချနိုင်သော တိကျခိုင်မာ မပြောင်းလဲတော့သည့် လုပ်ဆောင်ပုံအဆင့်ဆင့်မဟုတ်သောကြောင့် အထက်တွင် ဖော်ပြထားသည့်အချက်များမှာ သိပ္ပံနည်းကျခြင်း၏ မူစနစ်များဖြစ်၏ ။[၁][၂][၃]

သိပ္ပံနည်းကျ နည်းလမ်းကို အများအားဖြင့် 'ဖြစ်ဆဲလုပ်ငန်းစဉ်'အဖြစ် တင်ပြကြသည်။ ယခုပုံသည် ထိုနည်းလမ်းမူကွဲများစွာမှ တစ်ခုကိုသာ တင်ပြထားသည်။ အခြားနည်းလမ်းများလည်း ရှိသေးသည်။

လုပ်ဆောင်ပုံ (တစ်နည်း) လုပ်ထုံးလုပ်နည်းများသည် လေ့လာသောနယ်ပယ် တစ်ခုနှင့် တစ်ခု မတူညီကြသော်လည်း အခြေခံနည်းစနစ်သည် များသောအားဖြင့် အတူတူပင်ဖြစ်လေသည်။ သိပ္ပံနည်းကျ အခြေခံနည်းစနစ်တွင် ထင်မြင်မှန်းဆချက် (အဆိုကြမ်း) ကို ထုတ်ဖော်ရပြီး ထိုထင်မြင်ယူဆချက်များမှ ယုတ္တိရှိသောရလဒ်များအဖြစ် ခန့်မှန်းတွက်ချက်ခြင်းများ ဖန်တီးယူကာ ထိုခန့်မှန်းမှုများအပေါ် အခြေတည်၍ စမ်းသပ်မှု၊ လက်တွေ့စူးစမ်းမှုများ ထပ်ဆင့်ဆောင်ရွက်ရသည်။[မှတ်စု ၁][၄] အနုမာနအဆို (သို့) အဆိုကြမ်းဆိုသည်မှာ ပေးထားသော မေးခွန်းအား အဖြေရှာစဉ် ရရှိခဲ့သော အသိပညာ/ဗဟုသုတအပေါ်အခြေခံသော ထင်မြင်ယူဆချက်တစ်ခုဖြစ်သည်။ ထိုအဆိုကြမ်းသည် အသေးစိတ် တိကျနိုင်မှုရှိသလို ကျယ်ပြန့်၍ ယေဘုယျဆန်သည်လည်း ဖြစ်နိုင်သည်။ ထို့နောက် သိပ္ပံပညာရှင်တို့သည် စမ်းသပ်ချက်၊ စစ်ဆေးချက်များဖြင့် အဆိုကြမ်းကို စိစစ်မှုပြုကြသည်။ သိပ္ပံနည်းကျသော အဆိုကြမ်းသည် မှားနိုင်ချေရှိရမည်။ ဆိုလိုသည်မှာ တကယ်လက်တွေ့ လေ့လာ၊ စူးစမ်းချက်မှ ထွက်ပေါ်လာသော ဖြစ်နိုင်သည့်ရလဒ်သည် အဆိုကြမ်းမှ ကောက်ချဆွဲထားသော ခန့်မှန်းချက်များနှင့် ကွဲလွဲကြောင်း ဖော်ပြနိုင်ရန်ဖြစ်သည်။ သို့မဟုတ်ပါက အဆိုကြမ်းကို အဓိပ္ပာယ်ရှိရှိ စစ်ဆေးစမ်းသပ်နိုင်မည် မဟုတ်ပေ။[၅]

စမ်းသပ်ချက်တစ်ခု၏ ရည်ရွယ်ချက်မှာ တကယ်လက်တွေ့ လေ့လာစူးစမ်းချက်များသည်[မှတ်စု ၂][မှတ်စု ၁][မှတ်စု ၃] အဆိုကြမ်းမှ ကောက်ချက်ချထားသော ခန့်မှန်းချက်များနှင့် ကိုက်ညီ (သို့) ကွဲလွဲကြောင်း ဆုံးဖြတ်ရန်ဖြစ်သည်။[၆]:Book I, [6.54] pp.372,408[မှတ်စု ၃] စမ်းသပ်ချက်သည် ကားဂိုဒေါင်မှသည် ဧရာမ ဟတ်ဒရွန် တိုက်စက် အထိ မည်သည့်နေရာတွင်မဆို ဖြစ်ပျက်နိုင်၊ လုပ်ဆောင်နိုင်သည်။ သို့သော် နည်းလမ်းနှင့်ပတ်သက်၍ ပုံသေအဆိုကို ထုတ်ဖော်ပြောကြားရန် အခက်အခဲများရှိ၏ ။ သိပ္ပံနည်းကျ နည်းလမ်းကို ပုံသေသတ်မှတ်သော အစီအစဉ်အဆင့်များဖြင့် တင်ပြကြသော်လည်း တကယ်တမ်းအနေဖြင့် ယေဘုယျ အခြေခံသဘောတရားအချက်များဖြင့်သာ တင်ပြကြသည်။[၇] သိပ္ပံနည်းကျ စုံစမ်းထောက်လှမ်းမှုတိုင်းတွင် (ပြုလုပ်ပုံ)အဆင့်အားလုံးသည် ဖြစ်လေ့မရှိ၊ အတိုင်းအတာလည်း တူညီလေ့မရှိပေ။ ထို့အပြင် ပြုလုပ်ရမည့် ရှေ့နောက်အစဉ်သည်လည်း အမြဲတစ်ပုံစံတည်း မဟုတ်ပေ။[၈][၉]

မှတ်စုပြင်ဆင်

  1. ၁.၀ ၁.၁ See, for example, Galileo Galilei 1638. His thought experiments disprove Aristotle's physics of falling bodies.
  2. In the inquiry-based education paradigm, the stage of "characterization, observation, definition, ..." is more briefly summed up under the rubric of a Question. The question at some stage might be as basic as the 5Ws, or is this answer true?. The questions of the inquirer spiral until the goal is reached.
  3. ၃.၀ ၃.၁ Book of Optics (circa 1027) After anatomical investigation of the human eye, and an exhaustive study of human visual perception, Alhacen characterizes the first postulate of Euclid's Optics as 'superfluous and useless' (Book I, [6.54] —thereby overturning Euclid's, Ptolemy's, and Galen's emission theory of vision, using logic and deduction from experiment. He showed Euclid's first postulate of Optics to be hypothetical only, and fails to account for his experiments.), and deduces that light must enter the eye, in order for us to see. He describes the camera obscura as part of this investigation.

ကိုးကားပြင်ဆင်

  1. Newton၊ Issac (1999) [1726 (3rd ed.)]။ Philosophiæ Naturalis Principia Mathematica [Mathematical Principles of Natural Philosophy]။ The Principia: Mathematical Principles of Natural Philosophy။ ဘာသာပြန်သူ Cohen၊ I. Bernard; Whitman၊ Anne; Budenz၊ Julia။ Includes "A Guide to Newton's Principia" by I. Bernard Cohen, pp. 1–370. (The Principia itself is on pp. 371–946)။ Berkeley, CA: University of California Press။ 791–796 ("Rules of Reasoning in Philosophy"); see also Philosophiæ Naturalis Principia Mathematica#Rules of Reasoning in PhilosophyISBN 978-0-520-08817-7
  2. "scientific method"Oxford Dictionaries: British and World English၊ 201628 May 2016 တွင် ပြန်စစ်ပြီး
  3. Oxford English Dictionary (3rd ed.)။ Oxford: Oxford University Press။ 2014 – via OED Online။
  4. Peirce၊ Charles Sanders (1908)၊ "A Neglected Argument for the Reality of God" Hibbert Journal7: 90–112 – via Wikisource with added notes. Reprinted with previously unpublished part, Collected Papers v. 6, paragraphs 452–85, The Essential Peirce v. 2, pp. 434–450, and elsewhere. N.B. 435.30 'living institution': Hibbert J. mis-transcribed 'living institution': ("constitution" for "institution")
  5. Popper 1959, p. 273.
  6. Alhacen (2001)။ Smith၊ A. Mark (ed.)။ Alhacen's Theory of Visual Perception: A Critical Edition, with English Translation and Commentary, of the First Three Books of Alhacen's "De Aspectibus", the Medieval Latin Version of Ibn al-Haytham's "Kitāb al-Manāẓir"။ Vol. 1: Introduction and Latin text; Vol. 2: English translation။ ဘာသာပြန်သူ A. Mark Smith။ Philadelphia: American Philosophical SocietyISBN 0-87169-914-1OCLC 47168716
  7. Gauch 2003, p. 3: "The scientific method 'is often misrepresented as a fixed sequence of steps,' rather than being seen for what it truly is, 'a highly variable and creative process' (AAAS 2000:18). The claim here is that science has general principles that must be mastered to increase productivity and enhance perspective, not that these principles provide a simple and automated sequence of steps to follow."
  8. Gauch 2003, p. 3.
  9. William Whewell, History of Inductive Science (1837), and in Philosophy of Inductive Science (1840)