သိမ်သမုတ်ပွဲ ခြိမ့်ခြိမ့်သဲ

သိမ်သမုတ်ပွဲ ခြိမ့်ခြိမ့်သဲ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

သိမ်သမုတ်ပွဲ ခြိမ့်ခြိမ့်သဲ ပြင်ဆင်ရန်

အစိန္တေ ဘဂဝါသို့၊ ဗိမ္ပိဿာ ကြည်ညိုတဲ့၊ ရာဇဂြိုဟ် ပြည်ခွင်မြတ်တွင်မှ၊ ရှင်ကသ်ကယ်သပါနှင့်၊ မြတ်မဟာ၊ သာရိပုံတို့ ရဟတ္တာအစုံ၊ နှုတ်ခမ်းလျှာနှုတ်ကယ်နှင့်၊ သမုတ်သည်တူတညာပ၊ ယူဇနာသုံးပြန်အမှတ်ထိ၊ ဆုံးဖြတ်တဲ့သိမ်သိမံ။

နှုတ်တက်ဆောင်ထေရာတို့၊ ရှေကြာလျှင်၊ ဒေသနာ ပျက်မည်ကြောင့်၊ ပေရွက်တွင် မငကညစ်ကယ်နှင့်၊ တင်ရစ်စေသွင်းကာ သွတ်ပေတဲ့၊ မင်းဝဋာဂါမဏိက၊ ဇာတိကို ကြဉ်ခွာတဲ့၊ အရိယာ အရှင်မြတ်တွေတို့၊ ရွတ်ဖတ်သံကမ္မဝါပီတဲ့ ကလျာဏီ၊ ဌာဝယီသိမ်က၊ ဝါနိထိန်၊ ဇာလီ အရှိန်ထွန်းသည်ဟု၊ ဟိုကျွန်းခွင် သီဟဠငယ်က၊ ညွှန်းပြခဲ့ပြန်။

ရဟန်းတွေ၊ နန်းပြေပခိုးက၊ ရေရိုးဒီငံနှင့်၊ သီဟ ဠံတပြည်ဝေးမှာမို့၊ ထေရ်လေးဆယ်၊ ရွေးချယ်စိတ်သို့၊ နှစ်ကျိပ်တိုင် ခင်ရဟန်းတို့၊ သင်္ကန်းဝါ အဖြူပိတ်ကယ်နှင့်၊ လူသိက္ခာတထပ်လဲ့စေ၍၊ မြတ်ပွဲဝင် ပဉ္စင်းခံရ၊ သီဟိုဠ်ပြန်၊ ဤလူမျိုးပေပ၊ ပခိုးမှာသိမ်သမုတ်တော့၊ ကလျာဏီ၊ မဟာပထဝီလှုပ်သတဲ့၊ သုံးနယ်ချုပ်ရာမညံ၊ ထာဝရံ ရှိရင်း။

ပခိုးပမာဆိုခဲ့ပေါ့၊ ရာဇဂြိုဟ်သီဟိုဠ် အဆက်ကဲ့သို့၊ ကိုတက်စံ၊ သက်ပန်တင့်သူနှင့်၊ မယ်ပွင့်ရွှေနီဖလံတို့၊ ဓိတရံ နေတ္တံ မြေးနှင့်၊ ကံပေးရွယ်။

ဌေးကြွယ်ဝပါဘိ၊ အလှနတ်သမီးကဲ့သို့၊ မကြီးလိမ္မာသူနှင့်၊ သိမ်ရတနာ အလှူ၊ ပဋိညာဓံကြ၊ စာဂရန် မိန့်တော်ကြီးနှင့်၊ နယ်ဆီးကာ ကျောက်တိုင်ကန့်လို့၊ သီးသန့်ပင်သိမ်သမုတ်တော့၊ ထေရ်ပုဂ္ဂိုဟ်သာကီယ တွေတို့၊ ပီသစွာ ကမ္မဝါဖတ်ပေကြ၊ ရဟန္တာလို၊ ကျမ်းစာတတ်တွေနှင့်၊ နာဂတ်နောင်၊ စည်ပင်အုံးပေလိမ့်၊ ဗဒ္ဓါသိမ်၊ ကပ်ကမ္ဘာအဆုံးတိုင်ပ၊ ညတ်ကမ္မဝါမတိမ်၊ မြတ်ဆရာတို့ သုံးရန်ဘို့၊ ကုန်းသာတိုက်တွင်း။

ခက်ဆစ် ပြင်ဆင်ရန်

၁။ အစိန္တေ = မနှိုင်းယှဉ်အပ်သောဘုရား။

၂။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသောဘုရား။

၃။ ဗိမ္ပသာ = ဗိမ္မသာရမင်းကြီး။

၄။ ရှင်ကသိသပါ = မဟာကဿပထေရ်။

၅။ သာရိပုံ = သာရီပုဏ္ဏေးမ၏သား ရှင်သာရိပုတ္တရာ။

၆။ သိမံ = သိမ်။

၇။ ဌာဝယီ = ဌာယီ (ပါ)၊ တည်သည်၊ တည်လေ့ရှိသော။

၈။ ဇာလီ = ကွန်ရွက်။

၉။ သီဟိုဠ် = သီဟိုဠ်ကျွန်း။

၁၀။ ရာမည = ရမညတိုင်း။

၁၁။ ထာဝရံ = ထာဝရ၊ အမြဲတည်ခြင်း။

၁၂။ ဓိတရံ = ဓိတရ၊ သမီး။

၁၃။ နေတ္တံ = နေတ္တ (ပါ)၊ မျက်စိ (မျက်စိနှင့်တူသော မြေး)။

၁၄။ ပဋိညာ = ဝန်ခံမှုပြုသည်။

၁၅။ စာဂရန် = အမိန့်စာ။

၁၆။ ဗဒ္ဓါသိမ် = မြဲမြံစွာတည်သောသိမ်။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။