နဒီမော်ပြင်ကြိုး

သီတာသီတာ ဧရာကြီး ပြင်ဆင်ရန်

သီတာသီတာ ဧရာကြီး။ မျှော်တဲ့သာ မျှော်ရာမနီး။ ။

မြစ်ကြီးမြစ်ကြီးအဏ္ဏဝါ။ ဝဲတဲ့ ဝဲဩဃာ။ ။

သဲငွေသောင်ယံမှာ။ ဘွယ်ရာတောင်း။ ရှာရန်နွဲ့နွဲ့နောင်း။ ။

ရုံးပေါင်း ရုံးပေါင်း စုံတခွင်။ မလပ်ဘယ်ညာဖြိုးပါလို့။ မိုးလုံး မိုးလုံး အပြည့်ဆင်။ ။

စီးသွင်သွင် နဒီခြား။ ရေဆိုင်ပေါက်သို့အလား။ ။

ခြားနားသီခေါင်။ ရည်မှောင်လေ ပါတ်လည်။ နတ်စည်တံမြွာကျူး။ ။

မြူးလာပဇ္ဇုန်။ လေဟုန်လေသွေးခါ။ ရွှေရင်တုန်လို့ဧ။ ။

လေရူးဆော်လာ ပင်လယ်ဝေ။ လှိုင်းထပါလို့လေး။ ။

ထက်ခွင်ဒေဝ အမ္ဗုန်သာ။ ရိုက်ငြောင်းပဉ္စင်္ဂါ။ ။

ယမုန်နာ ဟိုဘက်ကမ်း။ ဘယ်မှာ ရှိလိမ့်မှန်း။ ။

ရော်ကာ ရော်ကာ ရမ်းပါလို့။ ဖြေမရွှင်ပမ်းသည်နှင့် ရစ်သန်းပတ်လည်ကာ ငယ်လေတည့်။ ရစ်သန်းပတ်လည်ကာ။

ကျေးဇူးတင်ပါသည် ပြင်ဆင်ရန်

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/