ကိုဩဒိနိတ်: 6°57′41.43″N 79°54′04.88″E / 6.9615083°N 79.9013556°E / 6.9615083; 79.9013556

သီရိဓမ္မလောကကောလိပ် သည် သီရိလင်္ကာနိုင်ငံ၊ အနောက်ပိုင်းစီရင်စုရှိ အမျိုးသားကျောင်းတစ်ခု ဖြစ်သည်။ ကိလနိယကျောင်းအနီးတွင် တည်ရှိသည်။ ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး  Vidyalankara ပရိဝေနပရဝုဏ်အတွင်းတွင် တည်ရှိသည်။[၁] ၁၉၅၀ ခုနှစ်များတွင် ဤကောလိပ်ကို လက်ရှိတည်နေရာဖြစ်သည့် ကိလနိယပရဝုဏ်သို့ ပြောင်းရွှေ့ခဲ့သည်။

Sri Dharmaloka College
တည်နေရာ
Kelaniya
Sri Lanka
သတင်းအချက်အလက်
အမျိုးအစားPublic
ဆောင်ပုဒ်"ALOKO UDHA PADHEE"
တည်ထောင်1938
ကျောင်းအုပ်ကြီးMr. A. G. Nimal Jayaweera
အရောင်(များ)Maroon and Yellow
AffiliationBuddhist
ဝဘ်ဆိုဒ်

ဆောင်ပုဒ် ပြင်ဆင်ရန်

တံဆိပ် ပြင်ဆင်ရန်

အလံ ပြင်ဆင်ရန်

သမိုင်း ပြင်ဆင်ရန်

သီရိဓမ္မလောကကောလိပ်ကို ၁၉၃၈ ခုနှစ်တွင် Vidyalankara ဝိဟာရ၏ ထောက်ခံအားပေးမှုဖြင့် ပီလိယဂိုဒတွင် တည်ထောင်ခဲ့သည့် ဗုဒ္ဓဘာသာအင်္ဂလိပ်ကျောင်းတစ်ခု ဖြစ်သည်။ Vidyalankara ဝိဟာကို တည်ထောင်သူဖြစ်သည့် Ratmalane Sri Dharmaloka Thera ၏ အမည်ကို အစွဲပြုကာ ဤကျောင်းကို အမည်ပေးထားသည်။ [၂]Rev. Yakkaduwe Pannarama သည် ကျောင်းတော်၏ ပညာတတ်ဘုန်းတော်ကြီးတစ်ပါးဖြစ်ကာ ပရိဝေန၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သူသည် ကီလနိယတက္ကသိုလ်၏ ဒုတိယအကြီးအကဲဖြစ်လာခဲ့သည်။ Rev. Pannarama နှင့် အခြားဘုန်းတော်ကြီးများစွာတို့သည် ပီလိယဂိုဒရှိ ပရိဝေဒမှ ဝရဂိုဒရှိ ဗောဓိရက္ခရာမယ အထိ လမ်းလျှောက်ရာ စိန့်ပေါကွန်ဗင့်နှင့် အမျိုးသမီးကျောင်းမှ သူတို့အား နှိမ်ချသည့် စကားများဖြစ်သည့် "thattayo," "sivuruhoro" နှင့် အခြားသော စကားများကို အသုံးပြုကာ အော်ဟစ်ခဲ့ကြသည်။ Rev. Pannarama သည် ထိုအကြောင်းကို Dayaka Sabhawa ၏ ဥက္ကဋ္ဌဖြစ်သူ Sir D. B. Jayatilaka ကို သတိပေး ပြောကြားခဲ့သည်။ ထို့နောက်သူသည် ထိုကဲ့သို့သော သူများ အမှန်တရားရရှိနို်င်ရန် ပရိဝေနသည် ကတ်သလစ်ဧရိယာအနီးတွင် ဗုဒ္ဓဘာသာကျောင်းတစ်ခု စတင်ရမည်ဖြစ်သည်ဟု အကြံပြုခဲ့သည်။ ထို့ကြောင့် Jayatilaka နှင့်Rev Yakkaduwe တို့သည် ကျောင်းကို တည်ထောင်ခဲ့သည်။ ၎င်းတို့သည် Sabha အစည်းအဝေးတွင် ရှင်းပြခဲ့ကြပြီး ခရစ်ယာန်ကလေးများလည်း ကျောင်းသို့ ချိတ်ဆက်လာခဲ့ကြသည်။

သီရိဓမ္မကောလိပ်ကို ၁၉၃၈ ခုနှစ်တွင် Vidyalankara ပရိဝေန၏ မြေပေါ်တွင် အဆောက်အဦအသေးတစ်ခုဖြင့် ဖွင့်လှစ်ခဲ့သည်။ Mr. B. A. Kuruppu သည် ကျောင်း၏ ပထမဆုံးကျောင်းအုပ် ဖြစ်လာခဲ့သည်။ Sir D. B. Jayathilaka သည် ပထမဆုံးသော ကျောင်းသားများ၏ ပထမဆုံးသင်ခန်းစာများအတွက် ကျေင်း၏ ပညာရေးဆောင်ရွက်မှုများအတွက် ရထားလက်ခံခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် ဓမ္မလောကသည် ခေတ်တစ်ခုစာ အလျှင်အမြန်ပင် တိုးတက်လာခဲ့သည်။ ထင်ရှားသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သူ D. B. Dhanapala သည်လည်း ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သည်။ အစပို်င်းတွင် ကျောင်းသည် ဗောလီဗောကစားကွင်းတစ်ခုပြုလုပ်နိုင်ရန် လုံလောက်သည့်နေရာ သို့မဟုတ် မြေနေရာတစ်ခုကိုပင် ပိုင်ဆိုင်မှု မရှိခဲ့ပေ။ ကျောင်းအဆောက်အဦ၏ ပတ်လည်သည် ရွှံ့နွံများဖြင့် ဝန်းရံပတ်လည် တည်ရှိသ်ည။ ပရိဝေနသည့် သွားသည့် လမ်းကို အားကစားမြေနေရာအဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ကျောင်းသည် လူသိများလာခဲ့သည်။ ကီလနိယရှိ ကျောင်းသားမိဘများသည် သားသမီးများ ဝင်ခွင့်ရနိုင်ရန် ဤကျောင်းသို့ ပြောင်းရွှေ့အပ်နှံခဲ့ကြသည်။ ထိုကဲ့သို့ လာရောက်အပ်နှံသည့် ကျောင်းသားများအားလုံးကို လက်ခံနိုင်ရန် ကျောင်းတွင်ရှိသည့် အဆောက်အဦများသည် လုံလောက်မှုမရှိပေ။ ထို့ကြောင့် နှစ်ထပ်ကျောင်းဆောင်တစ်ခုဆောက်လုပ်နိုင်ရန် ရန်ပုံငွေပွဲတော်တစ်ခုကို ကျင်းပခဲ့ပြီး ထိုအဆောက်အဦကို တည်ဆောက်ကာ ကျောင်းသားအရေအတွက်ကို ပိုမိုလက်ခံနိုင်ခဲ့သည်။ ကျောင်းကို Yasmin Walawwa ပရဝုဏ်ဆီသို့ ရွှေ့ပြောင်းခဲ့သည်။

ကျောင်းအုပ်များစာရင်း ပြင်ဆင်ရန်

From To Principal's Name
1938 1941 Mr. B. A. Kuruppu
1942 1946 Mr. B. W. Dhanapala
1947 1954 Mr. H. M. Gunasekara
1955 1956 Mr. D. A. Weerasinghe
1956 1957 Mr. G. T. Fonseka
1957 1960 Mr. A. C. B. M. Monaragala
1961 1962 Mr. G. V. Bannahaka
1962 1963 Mr. B. D. M. Gunarathna
1964 1967 Mr. K. D. P. C. N. Vijegunarathna
1968 1969 Mr. P. R. Premaeardhane
1970 1972 Mr. Sugathamuny Ghanasiri
1972 1973 Mr. D. T. Thewarapperuma
1973 1973 Mr. L. V. V. Jayasinghe
1973 1982 Ven. Honorable Athtuduwave Chandrasiri Thero
1983 1984 Ven. Honorable Mawanane Dhewanandha Thero
1984 1989 Mr. D. G. W. Jayasinghe
1989 1991 Ven. Honorable Brahmanawatthe Seewalee Thero
1992 1995 Mr. Piyasena Athapatthu
1995 1996 Mr. J. A. Karunarathne
1996 1997 Mrs. H. Godawattha
1997 1997 Mr. T. SA. S. G. Jayawardene
1997 2002 Mr. G. Gunathilake
2002 2004 Mr. T. S. Thanapathi
2004

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်