သီရိရတနမဟာဓာတ်ကျောင်းတော်

ဖရာသီရိရတနမဟာဓာတ်ကျောင်းတော် (မြန်မာ: သိရိရတနမဟာဓာတု ဝရမဟာဝိဟာရပါဠိ: Sīriratanamahādhātu Varamahāvihāra) သည် ထိုင်းနိုင်ငံ၊ Phitsanulok ဒေသ တွင် တည်ရှိသည့် ဗုဒ္ဓကျောင်းတော်တစ်ခု ဖြစ်သည်။ Naresuan တံတားအနီး တွင် တည်ရှိသည်။

Wat Phra Si Rattana Mahathat

သမိုင်း ပြင်ဆင်ရန်

ဖရာစီရတ္တနာမဟာသတ်ကျောင်းတော်ကို ၁၃၅၇ ခုနှစ်တွင် လီထိုင်းဘုရင် (Lithai) က တည်ဆောက်ခဲ့သည်။ ကျောင်းတော်သည် W at Phra Phuttha Chinna Si နှင့် W at Phra Si Satsadaram တို့နှင့် အချိန်အတူတူ တည်ဆောက်ခဲ့သည်။ အယုဓျာ၏ Ekathotsarot လက်ထက်တွင် ရုပ်ပွားတော်ကို ရွှေ့ပြောင်းခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းတော်ကို ဖွံ့ဖြိုးတိုးတက်အောင် စုဠာလင်္ကရဏ နှင့် ဘူမိဗလအတုလျတေဇ of Rattanakosin တို့က လုပ်ဆောင်ခဲ့သည်။ ကျောင်းတော်သည် Naresuan တံတားအခြေ၊ နန်မြစ် (Nan) ကမ်းစပ်တွင် တည်ရျိသည်။ ကျောင်းတော်သည် ဧရိယာအားဖြင့် ၃၆ rai (၁ rai = 1600 စတုရန်းမီတာ) ရှိသည်။ ကျောင်းတော်သည် ရွှေဖြင့် ပြုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်ကြောင့် အထူးကျော်ကြား၏။ ထိုရုပ်ပွားတော်ကို "ဗုဒ္ဓဇိနရာဇ" (Phra Phuttha Chinnarat) ဟု ခေါ်သည်။ ထိုရုပ်ပွားတော်သည် ထိုင်းနိုင်ငံရှိ ဗုဒ္ဓရုပ်ပွားတော်များတွင် အကြည်ညိုဖွယ်အကောင်းဆုံး သို့မဟုတ် အလှဆုံးဖြစ်သည်ဟု ဆိုကြသည်။

ဗုဒ္ဓဇိနရာဇ ရုပ်ပွားတော် ပြင်ဆင်ရန်

ကျောင်းတော်သည် ရွှေဖြင့်စီခြယ်ထားသော ဗုဒ္ဓရုပ်ပွားတော်ကြောင့် ကျော်ကြားလှသည်။ ထိုရုပ်ပွားတော်ကို "ဗုဒ္ဓဇိနရာဇ" (Phra Phuttha Chinnarat) ဟု သိကြသည်။ အဓိပ္ပာယ်သည် “အောင်မြင်မှု၏ ဘုရင်” (King of Victory) ဖြစ်သည်။ ထိုရုပ်ပွားတော်သည် ထိုင်းနိုင်ငံ ကြည်ညိုဖွယ်ရာအကောင်းဆုံး သို့မဟုတ် အလှဆုံး ရုပ်ပွားတော်တစ်ခု ဖြစ်သည်။

ပြတိုက် ပြင်ဆင်ရန်

ဗုဒ္ဓဇိနရာဇ ရုပ်ပွားတော်အမျိုးသားပြတိုက်သည် ကျောင်းတော်၏ နေရာတွင်ပင် တည်ရှိသည်။ ဆူခိုထိုင်း (Sukhothai) ကာလတုန်းက အရွယ်အစားမျိုးစုံဖြင့် အနုပညာများကို စုစည်းပြသထားသည်။

ပွဲတော်များ ပြင်ဆင်ရန်

ကျောင်းမြေပြင်တွင်ပင် ပွဲတော်ကို မကြာခဏ ကျင်းပလေ့ရှိ၏။ ဗုဒ္ဓဇိနရာဇ ရုပ်ပွားတော်၏ နှစ်ပတ်လည် ပွဲတော်လည်း ပါဝင်သည်။ အောက်တိုဘာလ၏ ပထမပတ်အဆုံးတွင်လည်း Phitsanulok Drangn လှေပြိုင်ပွဲကို ကျောင်းတော်၏ အပြင်ဘက်ရှိ မြစ်ထဲတွင် ကျင်းပသည်။

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်