သီရိလင်္ကာနိုင်ငံရှိ စေတီတော်များ
စေတီတော်များ (ဒဂီဘက် နှင့် စေတီယ ဟုလည်းခေါ်ကြ) သည် ရှေးခေတ်သီရိလင်္ကာနိုင်ငံ၏ ဗိသုကာဖန်တီးမှုဆိုင်ရာ ထင်ရှားသည့် ပုံစံတစ်မျိုးဖြစ်သည်။ ဗုဒ္ဓဘာသာ ထွန်းကားလွှမ်းမိုးလာမှုကြောင့် သီရိလင်္ကာ၏ ဗိသုကာနယ်ပယ်တွင် အပြောင်းအလဲများစွာ ရှိခဲ့သည်။ စေတီတော်များသည် ထိုဗိသုကာအပြောင်းအလဲတွင် ထင်ရှားသည့် နေရာများ ဖြစ်ကြသည်။ စေတီတော်များနှင့် အဓိပ္ပာယ်တူသည့် အခြားစကားလုံးများမှာ Chaithya, Dagaba, Thupa, Seya and Vehera စသည့်စကားလုံးများလည်း ရှိကြသည်။[၁] သီရိလင်္ကာတွင် တည်ခဲ့သည့် စေတီတော်များ၏ ဒီဇိုင်းနှင့်တည်ဆောက်မှုသည် အုတ်ဖြင့်တည်ဆောက်ကြသည့် ကြီးမားသည့်လက်ရာများ ဖြစ်ကြသည်။ [၂]