သီရိလင်္ကာမဟာဗောဓိစင်တာ၊ ချန်နိုင်း

သီရိလင်္ကာမဟာဗောဓိစင်တာ သည် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့တွင် တည်ရှိသည့် စင်တာတစ်ခု ဖြစ်သည်။ ၎င်းသည် Egmore တွင် တည်ရှိသည်။ သီရိလင်္ကာမဟာဗောဓိအဖွဲ့က လုပ်ဆောင်လျက်ရှိပြီး အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံအကြား မိတ်ဆွေဖြစ်မှု အမှတ်အသားအဖြစ် ဆောင်ရွက်လျက်ရှိသည်။

သီရိလင်္ကာမဟာဗောဓိစင်တာ
အချက်အလက်များ
တည်နေရာချန်နိုင်းမြို့, အိန္ဒိယ
ဘာသာရေး နှီးနွယ်မှုသီရိလင်္ကာမဟာဗောဓိအဖွဲ့
ခရိုင်Chennai
ပြည်နယ်Tamil Nadu
တိုင်းEgmore
လက်ရှိအခြေအနေလုပ်ဆောင်လျက်ရှိ

အိန္ဒိယနိုင်ငံရှိ မဟာဗောဓိအဖွဲ့ ပြင်ဆင်ရန်

မဟာဗောဓိအဖွဲ့၏ ရုံးချုပ်သည် ကိုလမ်ဘိုမြို့တွင် တည်ရှိသည်။ အိန္ဒိယနိုင်ငံရှိ မဟာဗောဓိအဖွဲ့ကို အနာဂါရိကဓမ္မပါလက ၁၈၉၁ ခုနှစ် မေလတွင် ဗုဒ္ဓဂါယာနှင့် မိဂဒါဝုန်ရှိ ရှေးဟောင်းဗုဒ္ဓဌာပနာများကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရန် တည်ထောင်ခဲ့သည်။ အနာဂါရိကဓမ္မပါလသည် အဖွဲ့၏ ပထမဆုံးသော စင်တာကို ဗုဒ္ဓဂါယာတွင် တည်ထောင်ခဲ့ပြီး ချန်နိုင်းအပါအဝင် အခြားသောမြို့များတွင်လည်း တည်ထောင်ခဲ့သည်။ ဗုဒ္ဓဂါယာသို့ နှစ်စဉ် လည်ပတ်လာသည့် ဘုရားဖူးများအား အကာအကွယ်ပေးခြင်း၊ ကူညီခြင်းနှင့် လမ်းညွှန်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ ချင်နိုင်းစင်တာကို သီရိလင်္ကာမဟာဗောဓိအဖွဲ့၏ မတည်မှုနှင့် Sir Kent ထံမှ ငွေချေးကာ တည်ဆောက်ခဲ့သည်။[၁]

ဗုဒ္ဓကျောင်းတော် ပြင်ဆင်ရန်

သီရိလင်္ကာမဟာဗောဓိစင်တာ Egmore မီးရထားဘူတာ၏ မျက်နှာချင်းဆိုင်ရှိ Kenneth လမ်းသွယ်တွင် တည်ရှိသည်။ ဗုဒ္ဓဗီဟာဟု အမည်ရသည့် ဗုဒ္ဓရုပ်ပွားတော်ငယ်သည် အိန္ဒိယမဟာဗောဓိအဖွဲ့ အဆောက်အဦး၏ အတွင်းတွင် တည်ရှိသည်။ ၎င်းသည် ချန်နိုင်းတွင် တည်ရှိသည့် တစ်ခုတည်းသော ဗုဒ္ဓရုပ်ပွားတော် ဖြစ်သည်။ ဤရုပ်ပွားတော်သည် ရပ်နေဟန်ဖြစ်ပြီး ၁၈ ပေ မြင့်သည်။ Vesak ပွဲတော်ကို နှစ်စဉ် ကျင်းပပြီး အစီအစဉ်များကို စင်တာတွင် ကျင်းပသည်။[၂] စင်တာတွင် ချင်နိုင်းစင်တာ၏ ဒါရိုက်တာ Ven. Ellawala Nandisvara Nayaka Thera က ဓာတ်ကြမ်းတိုက်ကုသသည့် အခမဲ့ဆေးကုခန်းကို ပြုလုပ်ထားသည်။[၃]

ကျော်ကြားသည့် ထေရဝါဒဗုဒ္ဓကျောင်းတော်အဖြစ် လူဦးရေ ၁၂၀၀၀၀ မှ ၁၅၀၀၀၀ အထိ စင်တာသို့ လာရောက်လည်ပတ်ကြသည်။[၁][၄]

တိုက်ခိုက်ခံရမှု ပြင်ဆင်ရန်

၁၉၈၃ ခုနှစ်တွင်သီရိလင်္ကာ၌ ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှု၌ အမည်မသိ လူများက အဆောက်အဦးအတွင်း ဗုံးပစ်သွင်းခဲ့သည်။[၄]

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၉နာရီတွင် စင်တာသည် လူ ၁၀ ဦးမှ ၁၅ ဦးခန့် ပါဝင်သည့် အတည်မပြုနိုင်သည့် အုပ်စုတစ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ပတ်ကြာက Tamil Nadu ကမ်းခြေတွင် သီရိလင်္ကာရေတပ်က အိန္ဒိယလူမျိုး ရေလုပ်သား နှစ်ဦးကို သတ်ခဲ့သည့်အတွက် လက်တုံ့ပြန်ခြင်း ဖြစ်နိုင်သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Pathirana၊ Jeewani။ "Mahabodhi Centre’s contribution to Buddhism"၊ Daily News၊ 2 February 2012။ 18 Feb 2012 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  2. Worship Buddha။ Madura Welcome။ 23 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 Feb 2012 တွင် ပြန်စစ်ပြီး။
  3. Bodhipala၊ Bhikkhu။ "Tribute to Ven. Ellawala Nandisvara Nayaka Thera"၊ Sunday Observer၊ 5 May 2002။ 18 Feb 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  4. ၄.၀ ၄.၁ "Sri Lankan Buddhist centre attacked in Chennai"၊ Deccan Herald၊ 25 January 2011။ 18 Feb 2012 တွင် ပြန်စစ်ပြီး 
  5. Patranobis၊ Sutirtho။ "Three Lankan monks hurt in attack on Chennai Buddhist shrine"၊ Chennai: WorldWide Religious News၊ 25 January 2011။ 12 Feb 2012 တွင် ပြန်စစ်ပြီး