သီလဝါအထူးစီးပွားရေးဇုန်

သီလဝါအထူးစီးပွားရေးဇုန်သည် ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ် အတွင်းတွင် တည်ရှိသည်။[၁] သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ရန်ကုန်တောင်ဘက်ပိုင်း ဒေသများ ဖွံ့ဖြိုးမှုကို မြန်ဆန်စေပြီး ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။ အခြားစက်မှုဇုန်များကဲ့သို့ မဟုတ်ဘဲ အထူးစီးပွားရေးဇုန် ဖြစ်သောကြောင့် နိုင်ငံတကာ စံနှုန်းနှင့် ညီသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ကျင့်သုံး ဆောင်ရွက်နေသည်။ နိုင်ငံပေါင်း (၁၉)နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီပေါင်း (၁၁၂) ခုရှိသည်။ [၂]

သီလဝါအထူးစီးပွားရေးဇုန်ကို အပိုင်းနှစ်ခုခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ဇုန်(အေ)တွင် (၄၀၅)ဟက်တာကို အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၅-ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် စီးပွားဖြစ် စတင်လည်ပတ်နိုင်ခဲ့သည်။[၃] ဇုန်(ဘီ)ကိုလည်း Phase(I)ဟက်တာ (၁၀၁), Phase(II)ဟက်တာ (၇၇), Phase(III) ခွဲ၍ အကောင်အထည်ဖော်သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Myat May Zin။ "Thilawa SEZ work to start"၊ Myanmar Times၊ 29 October 2012။ 1 July 2015 တွင် ပြန်စစ်ပြီး 
  2. https://news-eleven.com/article/123754
  3. Ko Ko Aung။ "Eight companies set to begin operations in Thilawa SEZ"၊ Myanmar Times၊ 29 April 2015။ 1 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 8 January 2016။ 
  4. ကြေးမုံ သတင်းစာ၊ ၂၀၁၉ ဇန်နဝါရီလ ၁၁ ရက်၊ စာ-၈