သီလသုတ်၊ ဖာသုဝိဟာရဝဂ်
သီလသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရာငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်သော အလှူကို ခံထိုက်၏၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန် ရည်မြှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါအပေါင်း ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ စသည်ဖြင့် ဟောကြားတော်မူခဲ့သည်။[၁]
သီလသုတ်
ပြင်ဆင်ရန်ရဟန်းတို့ တရာငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်သော အလှူကို ခံထိုက်၏၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန် ရည်မြှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါအပေါင်း ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။
အဘယ်ငါးမျိုးတို့နည်း ဟူမူ-
- ရဟန်းတို့ ဤသာသာနာတော်၌ ရဟန်းသည် စောင့်ထိန်းမှု ‘သီလ’ နှင့် ပြည့်စုံ၏၊ တည်ကြည်မှု ‘သမာဓိ’ နှင့် ပြည့်စုံ၏၊ သိမှု ‘ပညာ’ နှင့် ပြည့်စုံ၏။
- (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တမဂ်ဖိုလ်)နှင့် ပြည့်စုံ၏။
- (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တမဂ်ဖိုလ်) ကို သိသော ဉာဏ်အမြင် ‘ပစ္စဝေက္ခဏာဉာဏ်’ နှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤတရာငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်သော အလှူကို ခံထိုက်၏၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန် ရည်မြှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါအပေါင်း ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။[၁]