သီဟကောတ္ထုဇာတ်
ဒုကနိပါတ် - ၄။ အသဒိသဝဂ် -၁၈၈ - သီဟကောတ္ထုဇာတ်။ ။ မိမိ၏ ဟောက်သံဖြင့် မြေခွေးမ၏ သားအဖြစ်ကို သိစေသော ခွေးခြင်္သေ့အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်သူများတုလင့် နှိုင်းချိန်သင့်
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့တရားဟောကုန်လတ်သော် ပရိသတ်အလယ်တွင် အသံဖြင့်တရားဟောလိုသော ကောကာလိကကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်ဖခင်တူလည်း အသံကွဲ
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် ခြသေ့င်္မင်းဖြစ်၍ မြေခွေးမတစ်ကောင်နှင့် ပေါင်းဖော်ခြင်းကိုစွဲ၍ သားတစ်ကောင် ရလေ၏။ ထိုသားသည်လက်ချောင်း ခြေချောင်းတို့ဖြင့် လည်းကောင်း၊ လက်သည် ခြေသည်းတို့ဖြင့် လည်းကောင်း၊ မှင်ဆံမွေးတို့ဖြင့် လည်းကောင်း၊ အဆင်းသဏ္ဌာန်တို့ဖြင့် လည်းကောင်း အဖခြင်္သေ့မင်းနှင့် အလုံးစုံတူ၏။ အသံဖြင့်ကား အမိမြေခွေးမနှင့် တူ၏။
မျိုးရိုးပြောပြ တားမြစ်ရ
ပြင်ဆင်ရန်တစ်နေ့သ၌ မိုးရွာ၍စဲသည်ရှိသော် ခြင်္သေ့တို့သည် ဟောက်ကုန်လျက် မြူးတူးပျော်ပါး ကစားကြကုန်၏။ ထိုအခါ မြေခွေးမ သားသည်လည်း ခြသေ့င့်္စစ်တို့အလည်၌ ဟောက်လိုသည် ဖြစ်၍ မြေခွေးမြည်သံကို မြည်လေ၏။ ခြင်္သေ့တို့သည် မြေခွေးမြည်သံကို ကြားလျှင် မဟောက်ကြပဲ ဆိတ်ဆိတ် နေကြကုန်၏။
အဖခြင်္သေ့မင်းနှင့် ဇာတ်တူဖြစ်သော သားခြင်္သေ့စစ်တစ်ကောင်သည် ဖခင်ခြင်္သေ့မင်းအား -
“ဖခင် ... ဤခြင်္သေ့ကား လက်ချောင်း၊ ခြေချောင်း၊ လက်သည်း၊ ခြေသည်း၊ မှင်ဆံ အဆင်းသဏ္ဌာန်အားဖြင့် အလုံးစုံ ကျွန်ုပ်တို့နှင့်တူ၏။ အသံကား မြေခွေးသံနှင့် တူ၏။ အဘယ်ခြင်္သေ့မျိုး ဖြစ်သနည်း” – ဟု မေးလေ၏။ ခြင်္သေ့မင်းလည်း “ချစ်သား ... ဤခြင်္သေ့ကား သင်၏ ညီအရင်းတည်း၊ မြေခွေးမ၏ သားဖြစ်၍ အဆင်းသဏ္ဌာန်အားဖြင့် ငါအဖနှင့် တူသော်လည်း အသံအားဖြင့် အမိမြေခွေးမနှင့် တူသေည်ဟု ပြောဆိုပြီးသော် မြေခွေးမ သားခြင်္သေ့ကို ခေါ်စေ၍ -
“ချစ်သား ... သင်မမြည်လင့်၊ ဤတော၌ ဆိတ်ဆိတ်သာ နေလော့၊ သင့်ကို မြည်သံဖြင့် မြေခွေးဟု မသိစေလင့်၊ အမှန်အားဖြင့် သင့်အသံမှာ အဖခြင်္သေ့မင်း အသံနှင့် မတူပေ” –
ဟု ပြောဆိုဆုံးမလေ၏။ မြေခွေးမသား ခြင်္သေ့လည်း အဖ၏ အဆုံးအမ၌တည်ကာ နောက်တစ်ဖန် မမြည်ဝံ့တော့ချေ။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -
ထိုအခါ မြေခွေးမသားသည် - ယခုအခါ ကောကာလိက။
ခြင်္သေ့မင်းသားသည် - ရာဟုလာ။
ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) နည်းလှကြားမြင်၊ လူရာဝင်၊ လူတွင်ရှက်ကွဲမည်။
(၂) မြေခွေးသားမောင်၊ ခြင်္သေ့ဘောင်၊ ဟောင်၍ရှက်ကွဲသည်။
သီဟကောတ္ထုဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။