သုစိန္တိတ၊ သကစိန္တနိယဝဂ်
အရှင်သုစိန္တိတထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
ပြင်ဆင်ရန်အတ္တဒဿီမြတ်စွာဘုရားလက်ထက်
ပြင်ဆင်ရန်အတ္တဒဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ အရှင်သုစိန္တိတထေရ် သည် တောကြိုတောင်ကြား၌ သားအပေါင်းကို သတ်ကာ အသက်မွေးသည့် မုဆိုးဖြစ်၏။ တစ်နေ့သောအခါ မြတ်စွာဘုရားသည် ထိုမုဆိုးအား ကယ်တင်လိုသည့်အတွက် တောင်သို့ ကြွလာ၏။ ထိုအချိန်တွင် မုဆိုးသည် ချေ၊ သမင်ကို သတ်၍ ချက်စားရန် တောင်တောင်သို့ ကပ်ရောက်၏။ မြတ်စွာဘုရားသည် ဆွမ်းအလို့ငှါရပ်နေသည်ကို မုဆိုးမြင်သောအခါ မွန်မြတ်သော အသားတို့ကို လှူဒါန်း၏။ ထို့နောက် မုဆိုးသည် တောင်တောင်ထဲသို့ ဝင်ရောက်ခဲ့၏။[၁]
အကျိုးခံစားရခြင်း
ပြင်ဆင်ရန်ထိုသို့ အသားလှူခဲ့ရသည့် အကျိုးကျေးဇူးကြောင့် ကမ္ဘာတစ်ရာ့ငါးဆယ်ပတ်လုံး နတ်ပြည်တွင် မွေ့လျော်ခဲ့ရ၏။ သုံးဆယ့်ရှစ်ကမ္ဘာထက်တွင် “ဒီဃာယု” အမည်ြဖင့် စကြဝတေးမင်း ရှစ်ကြိမ် ဖြစ်ခဲ့၏။ ကမ္ဘာ့တစ်ရာ့ခြောက်ဆယ်ထက်တွင်လည်း “ဝရုဏ” အမည်ဖြင့် စကြဝတေးမင်း နှစ်ကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
ပြင်ဆင်ရန်နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သုစိန္တိတထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]