သုဒ္ဓဒိန် ဟူသည်မှာ သုဒ္ဓ = စင်ကြယ်သော၊ ဒိန = ရက်၊ သုဒ္ဓ+ဒိန = စင်ကြယ်သောရက်ဟု အဓိပ္ပာယ်ရသည်။ ၎င်းမှာ ရက်စုံခြင်းမစုံခြင်းမရှိဘဲ နှစ်ဆန်းတစ်ရက်နေ့မှ စတင်ရေတွက်ခြင်းဖြစ်သည်။ မြန်မာတို့၏ နှစ်ဆန်းတစ်ရက်သည် သုဒ္ဓဒိန် ၁ ရက်ဖြစ်သည်။ နှစ်ဆန်း ၂ ရက်သည် သုဒ္ဓဒိန် ၂ ရက်ဖြစ်သည်။ ဤသို့ဖြင့် တိုး၍ ရေတွက်လာခဲ့ပြီး သုဒ္ဓဒိန်ရက်ပေါင်း ၃၆၅ ရက်၊ တစ်ခါတစ်ရံ နာရီအပိုအစွန်းကြောင့် ၃၆၆ ရက်ရသောအခါ နောက်တစ်နှစ်၏ သင်္ကြန်တက်ရက်ဖြစ်ပြီး နှစ်တစ်နှစ်ကူးသည်။

အကိုးအကား ပြင်ဆင်ရန်

"နက္ခတ္တဗေဒသိပ္ပံ စာပေးစာယူသင်တန်း"၊ ဆရာကာလာစန်။ ၁၉၇၀၊ ရန်ကုန်။